Main menu

ဖျာပုံမြို့ပြည်သူများအား စားအုန်းဆီရောင်းချပေး

Powered by Drupal

         ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် ဖျာပုံမြို့နယ်ဆီကုန်သည်များအသင်းတို့ ပူးပေါင်း၍ အခြေခံပြည်သူဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်စေရေး အတွက် စားအုန်းဆီ(၁)ပိဿာကို(၅၃၀၀)ကျပ်နှုန်းထားဖြင့် လူဦးရေ(၂၂၀) ဦးအားဩဂုတ်လ(၂၂) ရက်နေ့ ၊မနက်(၁၀:၀၀)နာရီအချိန်တွင် မြို့နယ်ဆန်စက် ဆန်ကုန်သည်အသင်းရုံး၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။

       အဆိုပါစားအုန်းဆီရောင်းချပေးရာတွင် လူတစ်ဦးကို စားအုန်းဆီ(၅၀)ကျပ်သား ရောင်းချပေးခဲ့ကြောင်းသိရပြီး ဖျာပုံခရိုင်အတွင်းရှိ ဖျာပုံ၊ ဘိုကလေး၊ ဒေးဒရဲ၊ ကျိုက်လတ်မြို့နယ်များတွင်လည်း အခြေခံပြည်သူများဈေးနှုန်းချိုသာစွာ စားအုန်းဆီဝယ်ယူစားသောက်နိုင်စေရေးအတွက် ဖျာပုံခရိုင်၊စားသုံးသူရေးရာဦးစီးဌာနနှင့် ဆီကုန်သည်အသင်းမှ စီစဉ်ဆောင်ရွက်ထားရှိပါကြောင်း သိရသည်။

DOCA(ဧရာဝတီ)