Main menu

ထုတ်ကုန်လုံခြုံစိတ်ချ ရမှုရှိစေရေးနှင့်MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစိစစ်ခြင်း

Powered by Drupal

          ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၁၈) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ဘိုကလေးမြို့၊ ရွှေဝါထွန်းလမ်း၊ (၄) ရပ်ကွက်ရှိ “ဒေါ်အေးအေးခိုင်” ဂျုံခေါက်ဆွဲလုပ်ငန်းသို့ ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

          ဂျုံခေါက်ဆွဲ လုပ်ငန်းအနေဖြင့် တစ်နေ့ထုတ်လုပ်မှုမှာ ဂျုံခေါက်ဆွဲ (၂၅) ပိဿာ ထုတ်လုပ်လျက်ရှိပြီး (၁) ပိဿာလျှင် လက်လီ/ လက်ကား (၅၈၀၀- ၆၀၀၀) ကျပ်နှုန်းဖြင့် ရောင်းချပေးလျက်ရှိပါသည်။ မိသားစုဝင် (၂) ဦးဖြင့် တစ်ပိုင်တစ်နိုင် ဘိုကလေးမြို့နယ်အတွင်းရှိ “ဒေါ်အေးအေးခိုင်” ဂျုံခေါက်ဆွဲလုပ်ငန်းသို့ လုပ်ကိုင်လျက်ရှိပြီး ဈေးကွက်အနေဖြင့် ဒေသအတွင်း၌သာ ရောင်းချလျက်ရှိပါသည်။ ထို့နောက်မြို့နယ်တာဝန်ခံမှ ထုတ်လုပ်သော ကုန်စည်နှင့်ပက်သက်၍ အရည်အသွေးပြည့်မီစေရေးနှင့် စားသုံးသူများ ဝယ်ယူစားသုံးရာတွင် ဘေးဥပဒ် မဖြစ်စေရေးအတွက် သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်နိုင်မှုရှိ/ မရှိနှင့် အလေးချိန်အချိန်အတွယ် ပြည့်မီမှန်ကန်စွာ ရောင်းချနေမှု အခြေအနေတို့ကို ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစိစစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)