Main menu

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ဆန်စက်လုပ်ငန်းရှင်အသင်းရုံးတွင်ဆန်စက်လုပ်ငန်းရှင်များအား Online Sale နှင့် ပတ်သတ်သောစားသုံးသူအသိပညာပေးဟောပြောပွဲပြုလုပ်ခြင်း

Powered by Drupal

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် တာဝန်ခံဦးမြင့်ဌေး နှင့် ဝန်ထမ်းများသည် (၂၁.၇.၂၀၂၅)ရက်နေ့၊မွန်လွှဲ(၀၃း၃၀) နာရီအချိန်တွင် ဝါးခယ်မမြို့နယ် ဆန်စက်လုပ်ငန်းရှင်အသင်းရုံးတွင် ဆန်စက်လုပ်ငန်းရှင်များအား Online Sale နှင့် ပတ်သတ်သော စားသုံးသူအသိပညာပေး ဟောပြောခဲ့ပါသည်။

      ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မမြို့နယ်တာဝန်ခံမှ မိတ်ဆက်စကားပြောကြားပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉)ပါ ပြဌာန်းချက်များမှ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ)နှင့်(ဂ) တို့ပါ ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်အလေးချိန်၊ သုံးစွဲပုံနည်းလမ်းနှင့် ထုတ်လုပ်သည့် ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်တို့အား အသေးစိတ်ရှင်းလင်း ဟောပြော ခဲ့ပါသည်။ ဟောပြောပွဲသို့ ဆန်စက်လုပ်ငန်းရှင် စုစုပေါင်း(၁၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)