
ပဲပင်ပေါက်ကို နေရာဒေသမရွေးသာမက မိမိတို့အိမ်တွင်း၌ပင် အပင်ဖောက်ကာစိုက်ပျိုးရ လွယ်ကူသောအစားအသောက်တစ်မျိုးပင်ဖြစ်သည့်အလျောက် ပြန်လည်ရောင်းချသူများအတွက်လည်း အလွန်စီးပွားရေးတွက်ချေကိုက်သော အပင်တစ်မျိုးဖြစ်သည်။ပဲတီစိမ်းတစ်ပြည်လျှင်(၈၀၀၀) ကျပ်၊နို့ဆီဗူးတစ်ဘူးလျှင်(၈၀၀)ကျပ်၊နို့ဆီတစ်ဘူးအား ပဲပင်ဖောက်လျှင် ၁ပိဿာနှင့် ၅၀ ကျပ်သား ရသည်။
ပဲပင်ပေါက်သည် အာဟာရဓာတ်ကြွယ်ဝသလို လိုအပ်သည့်ဗီတာမင်နှင့်သတ္တုဓာတ်များ ကြွယ်၀စွာပါဝင်နေသောကြောင့် ခန္ဓာကိုယ်ကျန်းမာစေနိုင်ပါသည်။ဗီတာမင်စီ ပါဝင်သောကြောင့် ကိုယ်ခံအားကောင်းစေပြီး ရောဂါပိုးများကူးခြင်းမှ ကာကွယ်ပေးနိုင်ပါသည်။
သို့သော် ပဲပင်ပေါက်၌ Salmonella(သို့)Ecali ကဲ့သို့သော ဘက်တီးရီးယားပိုးမွှားများ ပါဝင်နိုင်သည့်အတွက် အစိမ်းစားခြင်းထက်ကျက်အောင်ချက်၍ စားသုံးသင့်ပါသည်။ ပဲပင်ပေါက်စားတော့မည်လျှင် ဝမ်းပျက်ဝမ်းလျောဖြစ်စေနိုင်သောကြောင့် မဲနေသောနေရာများနှင့် ပုပ်နေသော နေရာများကို ဖယ်စား၍ စားသုံးသင့်ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)