Main menu

ကန့်ဘလူမြို့မဈေး၌ ဂေါ်ဖီထုပ်နှင့် ပန်းဂေါ်ဖီဈေးနှုန်း ပြန်လည်ကျဆင်း

Powered by Drupal

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော ကုန်စိမ်း (ခေါ်) ဟင်းသီးဟင်းရွက်ဈေးတန်း၌ ဂေါ်ဖီထုပ်နှင့် ပန်းဂေါ်ဖီများလည်း ရောင်းချလျက်ရှိပြီး ဂေါ်ဖီထုပ်နှင့် ပန်းဂေါ်ဖီများကို အိမ်ရှင်မများက အိမ်သုံးအတွက်ဝယ်ယူကြသလို စားသောက်ဆိုင်များမှ အဓိကဝယ်ယူကြောင်း သိရှိရသည်။

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ဂေါ်ဖီထုပ်တစ်ထုပ်လျှင် (၂၅၀၀)ကျပ်၊ အကြီး(၁)ထုပ်လျှင်(၃၀၀၀)ကျပ်ဖြင့် ရောင်းချကြောင်း၊ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ပန်းဂေါ်ဖီ တစ်ပွင့်လျှင် (၃၀၀၀မှ ၃၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊   ယခင်အပတ် ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ဂေါ်ဖီထုပ်တစ်ထုပ်လျှင်(၁၀၀၀)နှင့် ပန်းဂေါ်ဖီတစ်ပွင့်လျှင် (၁၀၀၀) ကျပ် ဈေးနှုန်းကျဆင်းသွားကြောင်း၊  ဂေါ်ဖီထုပ်နှင့် ပန်းဂေါ်ဖီများကို မန္တလေးမြို့မှ ဝယ်ယူရောင်းချလျက်ရှိကြောင်း၊ ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)