Main menu

ကန့်ဘလူမြို့နယ် ကြက်သွန်ဈေးကွက်၌ ကြက်သွန်နီဈေးနှုန်းကျဆင်း

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်လျက်ရှိရာ အရေးကြီးသီးနှံ(၁၀)မျိုးအပြင် စားဖိုဆောင်သီးနှံများဖြစ်သည့် ကြက်သွန်နီ၊ မုန်လာဥဖြူ၊ မုန်လာထုပ်တို့လည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြကြောင်း ၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကာဘိုးကျေးရွာနှင့် အခြားသောကျေးရွာများတွင် မိသားစုစားသုံးရန်နှင့် ပိုလျှံသည်များကို ရောင်းချရန်အတွက် ကြက်သွန်နီကို ရာသီချိန်အလိုက် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ဒေသထွက် ကြက်သွန်နီအလုံးကြီး(၁)ပိဿာလျှင်(၁၅၀၀)ကျပ်နှင့် အလတ်(၁)ပိဿာလျှင် (၁၃၀၀)ကျပ်၊ အသေး(၁)ပိဿာလျှင် (၁၁၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခင်အပတ် ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ကြက်သွန်နီတစ်ပိဿာလျှင် (၃၀၀)ကျပ် ဈေးနှုန်းကျဆင်းသွားကြောင်း၊ ဒေသတွင်းမှ ထွက်ရှိသောကြောင့် သယ်ယူစရိတ် သက်သာသည့်အတွက် ကြက်သွန်နီဈေး နှုန်းကျဆင်းလာခြင်းဖြစ်ကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)