Main menu

ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော ကန်ဇွန်းဥ ဈေးနှုန်း

Powered by Drupal

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြရာ ကန်ဇွန်းဥကို တစ်ပိုင်တစ်နိုင် အိမ်ခြံဝင်းများနှင့် မိမိယာ ကွက်များတွင် စိုက်ပျိုးကြပြီး ကန့်ဘလူမြို့မဈေးတွင် လာရောက်ရောင်းချကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇွန်လ နောက်ဆုံးပတ်အတွင်း ကန့်ဘလူမြို့၊ မြို့မဈေးအတွင်း ရောင်းချနေသော  ကန်ဇွန်းဥဈေးနှုန်းမှာ လက္ကား ဈေး(၁)ပိဿာလျှင်(၂၅၀၀)ကျပ်၊ လက်လီ(၁)ပိဿာလျှင် (၂၆၀၀)ကျပ်နှင့် (၂၅)ကျပ်သားလျှင် (၆၅၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊  ကန်စွန်းဥကို အစိမ်းစားတာ၊ ပြုတ်စားတာနှင့် ကန်စွန်းဥပူတင်း စသည်ဖြင့် အမျိုးမျိုးပြုလုပ်စားသုံးကြကြောင်း၊ ဝယ်ယူစားသုံးသူများပြီး အရောင်းအဝယ်သွက်နေကြောင်း ကန်စွန်းဥရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)