ကယားပြည်နယ်တွင် အခြေခံစားကုန် စားဖိုဆောင်သီးနှံ တစ်မျိုးဖြစ်သည့် ကြက် သွန်နီကို ပြည်နယ်အတွင်း စားသုံးမှုလိုအပ်ချက်အရ အခြားဒေသဖြစ်သည့် မိထ္ထီလာမှ အများ ဆုံးတင် သွင်းရပြီး ယခုလက်ရှိ ဩဂုတ်လ စတုတ္ထပတ်တွင် ဈေးကွက်တွင်ဖြစ်ပေါ်နေသော ကြက်သွန်နီ ဈေးနှုန်းမှာ အလုံးကြီးတစ်ပိဿာလျှင်(၃၅၀၀)ကျပ်၊ အလုံးလတ်တစ်ပိဿာလျှင် (၃၀၀၀)ကျပ်၊ အလုံးသေး တစ်ပိဿာလျှင် (၂၅၀၀)ကျပ် ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိပြီး ယခင်ဩဂုတ်လ လတတိယပတ်တွင် အလုံးကြီးတစ်ပိဿာလျှင်(၂၅၀၀)ကျပ်၊ အလုံးလတ် တစ်ပိဿာလျှင် (၂၃၀၀) ကျပ်၊ အလုံးသေးတစ်ပိဿာလျှင်(၂၀၀၀)ကျပ် ယခင် အပတ်နှင့် ယခု အပတ်နှိုင်းယှဉ် လျှင် ကြက်သွန်နီ အလုံးကြီးတစ်ပိဿာ (၁၀၀၀)ကျပ်၊ အလုံး လတ်တစ်ပိဿာ (၇၀၀)ကျပ် အလုံးသေးတစ်ပိဿာလျှင်(၅၀၀)ကျပ် ခန့်ဈေးနှုန်းမြှင့်တက်လာကြောင်း၊ ဈေးနှုန်း မြှင့်တက်ရခြင်းမှ စက်သုံးဆီဈေးနှုန်းများကြီးမြှင့်၍ သယ်ယူစရိတ်များ မြင့်မားလာခြင်း ကြောင့် ဖြစ်သည် ဟု နောင်ယားဈေးရှိ ကြက်သွန်နီရောင်းဝယ်ရေး လုပ်ငန်းရှင် တစ်ဦးထံမှသိရပါသည်။
DOCA(ကယား)