စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ခရမ်းချဉ်သီးကို မိုင်းလုံးရပ်ကွက်၊ မှုံပြာ၊ လင်ဖုံလေး ကျေးရွာများမှ အများဆုံးစိုက်ပျိုးကြသော်လည်း ယခုနှစ်တွင် စိုက်ပျိုးနိုင်မှုလျော့နည်းသဖြင့် ဈေးကွက် လိုအပ်ချက်ကို ရှမ်းပြည်နယ် တောင်ပိုင်း အင်းလေးဒေသဘက်မှ တင်သွင်းရောင်းချ လျက်ရှိကြောင်း၊ ယခု ဩဂုတ်လ စတုတ္ထပတ်တွင် ဈေးကွက်အတွင်း ခရမ်းချဉ်သီး ဈေးနှုန်းမှာ တစ်ပိဿာလျှင် (၁၅၀၀) ကျပ်ဈေးဖြင့် အရောင်း အဝယ်ဖြစ်လျှက်ရှိပြီး ယခင် ဇူလိုင်လ စတုတ္ထ ပတ်တွင် တစ်ပိဿာလျှင် (၅၀၀) ကျပ် ဈေးရှိခဲ့ပြီး ယခင် ဇူလိုင်လ စတုတ္ထပတ်နှင့် ယခု ဩဂုတ်လ စတုတ္ထပတ် နှိုင်းယှဉ်လျှင် တစ်ပိဿာ (၁၀၀၀) ကျပ်ခန့် ဈေးနှုန်းမြှင့်တက်လာကြောင်း၊ ဈေးနှုန်း မြှင့်တက်လာရခြင်းမှာ စက်သုံးဆီဈေးနှုန်းများ မြှင့်တက်လာ၍ သယ်ယူစရိတ်မြှင့်မားလာခြင်း ကြောင့်ဖြစ်သည်ဟု ခရမ်းချဉ်သီး ရောင်းချသူတစ်ဦးတစ်ဦးထံမှ သိရပါသည်။
DOCA(ကယား)