
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်အတွင်းရှိ အင်းစိန်ဈေးအတွင်း အခြေခံ စားသောက်ကုန်ဈေးနှုန်းများဖြစ်သော ဆန်ကြမ်း/ဆန်ချော အမျိုးအစားများအလိုက် ဇူလိုင်လ နောက်ဆုံးပတ်တွင် ဧည့်မထတစ်ပြည်လျှင် ကျပ် ၃၃၀၀ မှ ၃၄၀၀၊ ငစိန်တစ်ပြည်လျှင် ကျပ် ၃၀၀၀ မှ ၃၂၀၀၊ ဇီယာတစ်ပြည်လျှင် ကျပ် ၃၆၀၀ မှ ၃၇၀၀၊ ပေါ်ကျွဲတစ်ပြည်လျှင် ကျပ် ၄၇၀၀ မှ ၄၈၀၀၊ ပေါ်ဆန်းတစ်ပြည်လျှင် ကျပ် ၅၅၀၀ မှ ၅၇၀၀၊ ရွှေဘိုပေါ်ဆန်းမွှေးတစ်ပြည်လျှင် ကျပ် ၆၅၀၀ မှ ၆၇၀၀ တို့ဖြစ်ပြီး စားဖိုဆောင်စားသောက်ကုန်များတွင် စားအုန်းဆီတစ်ပိဿာလျှင် ကျပ် ၆၅၃၀၊ ပဲဆီတစ်ပိဿာလျှင် ကျပ် ၂၀,၀၀၀၊ ကြက်သွန်နီတစ်ပိဿာလျှင် ကျပ် ၂၅၀၀၊ ကြက်သွန်ဖြူ (ကြူကုတ်)တစ်ပိဿာလျှင် ကျပ် ၁၄,၀၀၀၊ အာလူးတစ်ပိဿာလျှင် ကျပ် ၆,၀၀၀၊ မန်ကျည်းသီး မှည့်တစ်ပိဿာလျှင် ကျပ် ၁၃,၀၀၀၊ ချင်းတစ်ပိဿာလျှင် ကျပ် ၈,၀၀၀၊ ငရုပ်သီးခြောက်(အရှည်) တစ်ပိဿာလျှင် ကျပ် ၁၂,၀၀၀၊ အသား/ငါးဈေးနှုန်းများမှာလည်း မွေးမြူရေးကြက်တစ်ပိဿာ ကျပ် ၂၀,၀၀၀၊ မြန်မာကြက်တစ်ပိဿာကျပ် ၃၈,၀၀၀၊ ဝက်သားတစ်ပိဿာကျပ် ၃၅,၀၀၀၊ ဆိတ်သား တစ်ပိဿာလျှင် ကျပ် ၅၀,၀၀၀၊ ဘဲသားတစ်ပိဿာလျှင် ကျပ် ၃၀,၀၀၀၊ အမဲသား တစ်ပိဿာလျှင် ကျပ် ၃၂,၀၀၀၊ ငါးကြင်းတစ်ပိဿာကျပ် ၂၅,၀၀၀၊ ငါးမြစ်ချင်းတစ်ပိဿာလျှင်ကျပ် ၁၈,၀၀၀၊ ပုစွန်ထုပ်(ကြီး)တစ်ပိဿာကျပ် ၅၀,၀၀၀၊ ပုစွန်ကြော့တစ်ပိဿာကျပ် ၃၀,၀၀၀၊ ကြက်ဥတစ်လုံးလျှင် ကျပ် ၃၇၀၊ ဘဲဥတစ်လုံးလျှင် ကျပ် ၅၅၀ တို့ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ဟင်းသီးဟင်း ရွက်များကို တညင်းကုန်းလက်ကားကြီးနှင့်သီရိမင်္ဂလာဈေးတို့မှ ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
စားအုန်းဆီမှ ရည်ညွှန်းဈေးကျပ် ၆၁၃၀ အပေါ် အခြေခံရောင်းချရ၍ ဈေးနှုန်းအနည်းငယ် တက်ကာ အခြေခံစားကုန်နှင့်အသားငါးတို့မှာ ဆိတ်သား၊ အမဲသားနှင့်ငါးကြင်းဈေးနှုန်းအနည်း ငယ်တက်လျက်ရှိရာ ဇူလိုင်လ (၂၈)ရက်အတွက် ဈေးကွက်စုံစမ်းသိရှိရပါသည်။
DOCA(ရန်ကုန်)