Main menu

ဈေးငြိမ်နေတဲ့ပုသိမ်မြို့ ဂျင်းနှင့်ကြက်သွန်ဖြူ ဈေးကွက်အခြေအနေ

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ ပုသိမ်မြို့စည်ပင်သာယာဈေးတွင်ရှိသော ဂျင်းဈေးနှုန်း များမှာ ဇူလိုင်လပထမပတ်တွင် ဂျင်း ၁၀ ကျပ်သားလျှင် ၇၀၀/ကျပ်ရှိခဲ့ပြီး ယခုဇူလိုင်လ စတုတ္တပတ် တွင်လည်း ၇၀၀/ကျပ် ရှိနေပါသည်။ ဂျင်းဈေးနှုန်းများ အတက်/အကျမရှိ ယခင်လဈေးနှုန်းအတိုင်း ဈေးငြိမ်နေပါသည်။

     ကြက်သွန်ဖြူဈေးနှုန်းများအနေဖြင့် ဇူလိုင်လပထမပတ်တွင် ကြက်သွန်ဖြူ(ကြူကုတ်) ၁၀ကျပ်သားလျှင် ၁၀၀၀/ကျပ်၊ ယခုဇူလိုင်လ စတုတ္တပတ်တွင် ကြက်သွန်ဖြူ(ကြူကုတ်) ၁၀ကျပ်သားလျှင် ၁၀၀၀/ကျပ် ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိပါသည်။

    ကြက်သွန်ဖြူ(ရှမ်း) ဈေးနှုန်းအနေဖြင့် ဇူလိုင်လပထမပတ်တွင် ၁၀ကျပ်သားလျှင် ၉၀၀/ကျပ် ပေါက်ဈေးရှိနေပြီး ယခုဇူလိုင်လ စတုတ္တပတ်တွင်လည်း ဈေးနှုန်းအပြောင်းအလဲမရှိ၊ ဈေးငြိမ်နေပါသည်။ ဂျင်း၊ ကြက်သွန်ဖြူ ဈေးကွက်တို့မှာ ဈေးနှုန်းတည်ငြိမ်နေပြီး ပုံမှန်ရောင်းဝယ်လျက်ရှိ ပါသည်။

DOCA(ဧရာဝတီ)