Main menu

မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ် အမှတ်(၃)ရပ်ကွက်အတွင်းရှိလက်လီ/ လက်ကား ရောင်းချနေသောဒေါ်တင်အေး ဆန်ဆိုင်အား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

               ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၂၉.၇.၂၀၂၅)ရက်နေ့၊ နံနက်(၁၁း၃၀) နာရီအချိန်တွင် လပွတ္တာမြို့နယ် (၃)ရပ်ကွက်အတွင်းရှိ လက်လီ/ လက်ကားရောင်းချနေသော ဒေါ်တင်အေးဆန်ဆိုင်အား သတ်မှတ်ရည်ညွှန်းဈေး ဖြင့် ရောင်းချမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

            ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် လပွတ္တာမြို့နယ်တာဝန်ခံမှ လပွတ္တာမြို့နယ်(၃)ရပ်ကွက်အတွင်းရှိ လက်လီ/လက်ကား ရောင်းချနေသောဒေါ်တင်အေး ဆန်ဆိုင်တွင် MRS မှသတ်မှတ်ထားသော ရည်ညွှန်းဈေးအတိုင်း ရောင်းချပေးနေပြီး ဆန်ဆိုင်ပိုင်ရှင်အား ဆန်ရောင်းချနေမှုနှင့် ပတ်သတ်၍ စားသုံးသူပြည်သူများအား ဈေးနူန်းမြှင့်တင် ရောင်းချခြင်းမပြုရန်၊ သတ််မှတ်ဈေးနူန်းဖြင့်သာရောင်းချကြရန်၊ ဈေးနူန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် ဆန်သိုလှောင်ထားရှိခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းဆန်ဆိုင်ပိုင်ရှင်များအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)