Main menu

ဇလွန်မြို့ လမ်းမတော်(မ)ရပ်ကွက်ရှိ “လပြည့်”မုန့်ဟင်းခါးဖတ်လုပ်ငန်းသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည်(၂၄.၇.၂၀၂၅)ရက်နေ့ နံနက်(၁၀:၃၀) မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဇလွန်မြို့၊ အနော်ရထာလမ်း၊ လမ်းမတော်(မ)ရပ်ကွက်ရှိ “လပြည့်” မုန့်ဟင်းခါးစက်လုပ်ငန်းသို့သွားရောက်၍ ဈေးကွက်မရောက်မီ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်း စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပါသည်။

           ထိုသို့စစ်ဆေးရာတွင် ပူးပေါင်းအဖွဲ့သည် “လပြည့်” မုန့်ဟင်းခါးစက်သို့ သွားရောက်ကာ မုန့်ဖတ် ပြုလုပ်ပုံလုပ်ငန်းအဆင့်ဆင့်ကို မေးမြန်းပြီး ၎င်းတို့ပြုလုပ်နေသော မုန့်ဖတ်များအား စားသုံးရန် (သို့) အသုံးပြုရန်သင့်/မသင့်၊ ဘေးအန္တရာယ်ကင်းရှင်းမှုရှိ/မရှိနှင့် သက်ဆိုင်ရာဌာန ထောက်ခံ ချက်များရှိ/ မရှိ စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦး စားသုံးသူကာကွယ်ရေးဥပဒေတွင် ဖော်ပြထားသော စီးပွားရေး လုပ်ငန်းရှင်များ ၏တာဝန်များအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံး ပြုနိုင်စေရန်၊  ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်၊ ကုန်စည်၏ ထုတ်လုပ်ပုံနည်းစနစ်၊ ဈေးနှုန်း ဈေးကွက်အခြေအနေ၊ ရင်းနှီးမြှပ်နှံမှုနှင့် အကျိုးအမြတ်ရရှိမှု၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်၊ သတ်မှတ်ထားသော စံချိန်စံညွှန်းပြည့်မီ အောင်ထုတ်လုပ်နိုင်ရေး၊ ပတ်ဝန်းကျင် သန့်ရှင်းမှု တို့ကို အလေးထား ဆောင်ရွက်စေလိုကြောင်း အသိပညာပေးဆွေးနွေးခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)