ကသာခရိုင်အတွင်းသို့ မန္တလေး၊ မုံရွာ၊ ခင်ဦး၊ ရေဦးဘက်များမှ ကြက်သွန်နီများ ပုံမှန်ဝင်ရောက်လျက်ရှိပြီး ယခုတစ်ပတ်အတွင်း မန္တလေး၊ မုံရွာဘက်မှ (၃၅)ပိဿာပါ အိတ်(၁၀၀)ခန့်နှင့် ခင်ဦး၊ ရေဦးဘက်မှ (၃၅)ပိဿာပါ အိတ်(၅၀)ခန့် ဝင်ရောက်ကြောင်း သိရသည်။
လက်ရှိ ကသာမြို့အတွင်း ရောင်းချလျက်ရှိသော ကြက်သွန်နီဈေးနှုန်းမှာ လက်ကား တစ်ပိဿာလျှင် အကြီး၊ အလတ်၊ အသေးပေါ်မူတည်၍ (၂၆၀၀၊ ၂၅၀၀၊ ၂၂၀၀)ကျပ်ခန့်ရှိပြီး လက်လီ တစ်ပိဿာလျှင် အကြီး (၂၈၀၀) ကျပ် ၊ အလတ်( ၂၇၀၀)နှင့် အသေး (၂၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကာ ယခင်အပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ် ကြက်သွန်နီဈေးနှုန်းမှာ ကျပ်(၃၀၀)ခန့် မြှင့်တက်သွားကြောင်း သိရှိရသည်။
DOCA(စစ်ကိုင်း)