ပြည်ပဲဈေးကွက်အတွင်း ဈေးမြင့်တက်နေသော်လည်း နေ့စဉ်အရောင်းအဝယ်ဖြစ်နေသော ပဲသီးနှံမှာ ပဲကြီးသီးနှံဖြစ်နေပြီး ပဲကြော်ဖိုလုပ်ငန်းသမားများ ဝယ်ယူလျှက်ရှိခဲ့ကြပါသည် ။ တစ်ခါတစ်ရံ ရန်ကုန်ဝယ်လက်သမားအချို့ ဝယ်ယူမှုရှိသော်လည်း ဒေသတွင်း ဝယ်လက်သမားများမှာ ဝယ်လိုအား ပိုကောင်းခဲ့သောကြောင့် နေ့စဉ်အိတ် ၂၀၀/၃၀၀ကျော် အဝယ်ရှိခဲ့ကြပါသည်။ ပဲဈေးနှုန်းမှာ ရွှေကျွန်းတစ်တင်း ၇၆၀၀၀ကျပ်၊ ကမ်းနားတစ်တင်း ၇၃၀၀၀ကျပ် တို့ဖြင့် အသီးသီး ရောင်းဝယ်လျှက်ရှိပြီး ယခင်အပတ်ကထက် ဈေးပိုမြင့်တက်လာသလို ယခင်နှစ်က ဈေးထက်လည်း ဈေးပိုရခဲ့ပါသည်။ ယခင်နှစ်က ဩဂုတ်လအတွင်း ပဲဈေးနှုန်းမှာ တစ်တင်း ၅သောင်းကျပ်နှင့် အထက် ၆သောင်းနီးပါးရလို့ ပဲဈေးကွက်မှာ ဈေးအမြင့်ရခဲ့သော်လည်း ယခုနှစ်တွင် ဈေးထပ် မမြင့်တက်ခဲ့၍ ပြည်တွင်းဝယ်လိုအား ပဲဈေးကွက်မှာ ဈေးကောင်းဝင်သီးနှံဖြစ်လျှက်ရှိကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)