ယခုတစ်ပတ်ပြည်ဈေးကွက်တွင် ကြက်သွန်နီဈေးနှုန်းများ တစ်ပိဿာလျှင် ယခင် ၂၄၀၀ကျပ်နှုန်း ရှိခဲ့ရာ ယခု ၃၃၀၀ကျပ်နှုန်းရှိ၍ ပျမ်းမျှ ၉၀၀နှုန်းဖြင့် အဆမတန် ဈေးမြင့်တက်ခဲ့ပါသည်။ ပွဲရုံ လက်ကားလုပ်ငန်းရှင်များမှာလည်း သယ်ယူစရိတ်များ မြင့်တက်နေသဖြင့် ဈေးနှုန်းများ တက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး ယခင်လို အိတ်အများအပြားမှာယူ ရောင်းဝယ်ခြင်း မပြုလုပ်နိုင်တော့ဘဲ လုပ်ငန်းရှင်တစ်ဦးလျှင် ပိဿာ (၃၀)ဝင် (၅)အိတ်ခန့်သာ မှာယူရောင်းချနေကြောင်း သိရှိရပါသည်။ အရောင်းအဝယ်အနေဖြင့် ယခင်ရောင်းဝယ်မှု အောက်ကျဆင်းခဲ့ပြီး ယခင်ရောင်းဝယ်မှု့၏ သုံးပုံတစ်ပုံခန့်သာ အရောင်းအဝယ်ဖြစ်တော့ကြောင်း သိရှိရပါသည်။ ပန်းတောင်း (ဥသျှစ်ပင်)နှင့် သာယာဝတီခရိုင်တို့သို့ စီးဆင်းမှုရှိနေပြီး ဧရာဝတီ (ကြံခင်း)ဘက်သို့ စီးထွက်မှုမရှိကြောင်းလည်း သိရှိရပါသည်။ ဈေးနှုန်းအနေနှင့် ပွဲရုံလက်ကားဈေးတစ်ပိဿာကို (ကြီး/လတ်/သေး)ကျပ် ၂၅၀၀-၂၈၀၀-၃၀၀၀ နှုန်းတို့ရှိပြီး လက်လီဈေးအသေးများတွင်ကျပ် ၂၉၀၀-၃၁၀၀/၃၂၀၀-၃၃၀၀/၃၄၀၀ နှုန်းတို့ဖြင့် အသီးသီးရောင်းဝယ်မှုရှိနေကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)