
(၁၁.၈.၂၀၂၅) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အမှတ် (၄၇၅)၊ လှိုင်မြစ်လမ်း၊ ကမ်းနားအလယ်ရပ်ကွက်၊ အင်းစိန်မြို့နယ်ရှိ Nway & Htwe Co.,Ltd သို့ ပြည်ပပို့ကုန်တင်ပို့မှုအခြေအနေများ သိရှိနိုင်ရန် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ မြေပြင်ကွင်းဆင်းကောက်ယူရာတွင် Nway & Htwe Co.,Ltd မှ တာဝန်ခံနှင့် တွေ့ဆုံ၍ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ပြည်ပသို့ ပို့ကုန်တင်ပို့မှုများနှင့်စပ်လျဉ်း၍ စားသုံးသူရေးရာ ဦးစီးဌာနမှ Export တင်ပို့သည့်ကုမ္ပဏီများအား ကွင်းဆင်းမေးမြန်းစာရင်းကောက်ယူလျက်ရှိရာမှ Nway & Htwe Co.,Ltd တွင် Myanmar Beer ကို ပြည်ပသို့ နယ်စပ်မှ ဖက်စပ်တင်ပို့လျက်ရှိကြောင်း၊ တစ်နှစ်ထုတ်လုပ်မှု၊ တစ်နှစ်တင်ပို့မှုတန်ချိန်၊ တင်ပို့မှုတန်ဖိုး၊ တင်ပို့သည့်နိုင်ငံတို့ကို မေးမြန်းခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)