
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်အေးအေးမော်(ရုံးအုပ်) နှင့်ဝန်ထမ်းများ၊ ဈေးတာဝန်ခံနှင့်ဝန်ထမ်းများသည်တောင်ဥက္ကလာပမြို့နယ်၊ ပုဏ္ဏမီဈေးအတွင်း ရှိ ကုန်စုံဆိုင်များသို့ (၁၂-၈-၂၀၂၅) ရက်နေ့ ၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် သွားရောက် ၍ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသာ ကုန်စုံဆိုင်တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည့်ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်တို့ကို သိသာထင်ရှားစွာ ဖော်ပြထားခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် ကိုက်ညီသည့်ကုန်စည်များကိုသာ ဈေးကွက်အတွင်းရောင်းချရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ တားမြစ်ချက်နှင့်ပြစ်မှုပြစ်ဒဏ်များကို အသေးစိတ် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)