Main menu

ဆိပ်ဖြူမြို့နယ်တွင်သပြေပန်းစိုက်တောင်သူများ မိသားစုအပိုဝင်ငွေရရှိ

Powered by Drupal

         မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာများသည် စိုက်ပျိုး ရေးနှင့် မွေးမြူရေးကိုအခြေပြု၍ ဒေသစီးပွားဖြစ်လုပ်ကိုင်ကြပြီး စိုက်ပျိုးရေးတွင် သီးနှံမျိုးစုံ စိုက်ပျိုး ရာမှ ဥယျာဉ်ခြံမြေများတွင် သပြေပန်းပင်များကို မိသားစုအပိုဝင်ငွေရရှိရန်အတွက် တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိကြောင်း သိရှိရသည်။ သပြေပန်းပင်သည် နှစ်ရှည်ပင်အမျိုးအစားဖြစ်ပြီး စတင် စိုက်ပျိုးချိန်တွင်သာ ကုန်ကျစရိတ်များပြီး နောက်နှစ်များတွင် အလွယ်တကူ အပိုဝင်ငွေရရှိပါသည်။

          သပြေပန်းပင်များကို အစိုဓာတ်ကောင်းမွန်သော မိုးရာသီတွင် စတင်စိုက်ပျိုးကြသည်။ သပြေ ကိုင်းကူးမျိုးများကို မိမိဒေသထွက်သပြေပင်များမှ ကိုင်းကူးမျိုးနှင့် ကျောက်ပန်းတောင်းပုပ္ပါးဒေသမှ ကိုင်းကူးမျိုးများကို ဝယ်ယူစိုက်ပျိုးကြကြောင်း၊ မြောင်းတူး၍ဘောင်တင်ပြီး ပင်ခြားတန်းခြား (၃) ပေအကွာဖြင့် မြေအောက်ရေတင်စနစ်ဖြင့်စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးပြီး()လခန့်အကြာတွင် ဆွတ်ခူးရောင်းချနိုင်ကြောင်း၊ တစ်ဧကလျှင် အပင်ရေ(၇၅၀)ခန့် ဝင်ဆန့်စိုက်ပျိုးနိုင်ကြောင်း၊ သပြေ ခြံစိုက်ပျိုးစနှစ်တွင် မြေပြုပြင်ခ၊ အလုပ်သမားငှားရမ်းခ၊ ပျိုးပင်ဝယ်ယူခ၊ ရေသွင်းခ စုစုပေါင်း ကျပ်(၂၅)သိန်းခန့်ကုန်ကျသော်လည်း နောင်နှစ်များတွင် တစ်ဧကလျှင် ကျပ်()သိန်းခန့်သာကုန် ကျကြောင်း၊ မိုးရွာသွန်းမှုနှင့် သွင်းအားစုသုံးစွဲမှုအပေါ်မှုတည်၍ ကုန်ကျစရိတ်မှာ ကွာခြားမှုရှိ ကြောင်း၊  တစ်ရက်လျှင် သပြေညွန့်(၁၀)ပါ အစည်း(၇၀)ခန့် ထွက်ရှိကြောင်း၊ ()ရက်ခြား တစ်ကြိမ် ဆွတ်ခူးရကြောင်း၊ (၁၀)ညွန့်ပါတစ်စည်းလျှင် ကျပ်(၃၀၀)၊ (၂၅)ညွန့်ပါတစ်စည်းလျှင် ကျပ်(၅၀၀) ဈေးဖြင့် ရောင်းချရကြောင်း၊ သပြေပန်းများကို ရာသီမရွေးတစ်နှစ်ပတ်လုံး ဆွတ်ခူးနိုင်ပြီး မိုးရာသီတွင် သပြေပန်းများလှပြီး အထွက်ကောင်းသော်လည်း ဆောင်းရာသီတွင် သပြေပင်ပိုးကျပြီး အထွက်နည်းကြောင်း သိရှိရသည်။

      သပြေပန်းဈေးကွက်အနေဖြင့် ပန်းဖောက်သည်များမှ ခြံထိဆင်းဝယ်ပြီး ရပ်ကွက်အတွင်းရှိအိမ်များနှင့် ဆိပ်ဖြူမြို့ ပတ္တမြားဈေးနှင့်ချောက်မြို့သို့ ရောင်းချလျက်ရှိကြောင်း၊ တစ်ရက်လျှင် ကျပ်(၂)သောင်းခန့် သပြေပန်းဝင်ငွေရရှိ၍ တစ်လလျှင် ပျမ်းမျှကျပ်သိန်း(၅၀)ခန့်ရရှိကြောင်း၊ တစ်နှစ်လျှင် တစ်ဧကအကျိုးအမြတ်အနေဖြင့် ကျပ်(၄၅)သိန်းခန့်ရရှိကြောင်း၊ သပြေပန်းပင်သည် နှစ်ရှည်ပင်အမျိုးအစားဖြစ်ပြီး တစ်နှစ်ပတ်လုံးဆွတ်ခူးရောင်းချရပြီး မြန်မာလူမျိုးများ၏ အိမ်တိုင်းရှိ ဘုရားစင်များတွင် သပြေပန်းများကို အမြတ်တနိုးကပ်လှူပူ‌ဇော်ရန် ဝယ်ယူသုံးစွဲမှုများ၍ နေ့စဉ် ပုံမှန်ဝင်ငွေရရှိလျက်ရှိ၍ သပြေပန်းပင်စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း ဆိပ်ဖြူမြို့ ရွာသစ်ရပ်ကွက်ရှိ သပြေပန်းစိုက်တောင်သူတစ်ဦးထံမှ သိရှိရသည်။

DOCA(မ‌ကွေး)