Main menu

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီးသည် ဩဂုတ်လ(နောက်ဆုံး)ပတ်၌ စပါး/ဆန်ဈေးနှုန်းများမှာ ဆန်ပိုဒေသများဖြစ်သော ကသာခရိုင်နှင့် ကန့်ဘလူခရိုင်တို့တွင် ဈေးအနည်းငယ်တက်နေပြီး၊ ကလေးခရိုင်နှင့် မုံရွာခရိုင်တို့တွင် စပါး/ ဆန်ဈေး အနည်းငယ်ကျနေပြီး၊ ကျန်ခရိုင်များတွင် ဈေးအေးနေပါသည်။

      စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဩဂုတ်လ(နောက်ဆုံး)ပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန် ဈေး နှုန်းများမှာ ရွှေဘိုခရိုင်တွင် ရွှေဘိုပေါ်ဆန်း(စပါး) တင်း၁၀၀လျှင် ကျပ်(၂၃၀၀၀၀၀)၊ ပေါ်ဆန်း (ဆန်)၂၄ ပြည်ပါ တစ်အိတ်လျှင်ကျပ်  ၈၂၀၀၀၊ ဧရာမင်း(စပါး)တင်း ၁၀၀လျှင် ၁၃၀၀၀၀၀၊ ဧရာမင်း(ဆန်) ၂၄ ပြည်ပါ တစ်အိတ် ကျပ် ၅၈၀၀၀၊ ရေဦးမြို့မှ ပေါ်ဆန်း (စပါး) တင်း ၁၀၀လျှင် ကျပ် ၂၃၀၀၀၀၀၊ ပေါ်ဆန်း (ဆန်) တစ်အိတ်လျှင်ကျပ် ၈၀၀၀၀၊  ဧရာမင်း (စပါး) တင်း၁၀၀လျှင် ၁၃၀၀၀၀၀၊ ဧရာမင်း (ဆန်)၂၄ ပြည်ပါ တစ်အိတ်  ၅၈၀၀၀ ကျပ်များဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

    ကလေးခရိုင်၊ ကလေးမြို့နယ်မှ ဧည့်မထ(စပါး) တင်း၁၀၀ လျှင် ၁၁၀၀၀၀၀၊ ဧည့်မထ(ဆန်)‌ ၂၄ ပြည်ပါ တစ်အိတ်မှာ ကျပ် ၄၅၀၀၀၊ ငစိန်(စပါး) တင်း ၁၀၀ လျှင် ၁၀၀၀၀၀၀ ၊ ငစိန်(ဆန်)၂၄ပြည်ပါ တစ် အိတ်မှာ ၄၀၀၀၀၊ ဧရာမင်း (စပါး)တင်း ၁၀၀ လျှင် ကျပ် ၁၄၀၀၀၀၀၊ ဧရာမင်း(ဆန်)၂၄ပြည်ပါ တစ်အိတ် မှာကျပ် ၅၇၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

     ကသာခရိုင်၊ အင်းတော်မြို့နယ်မှ မှော်ဘီ(၂)(စပါး) တင်း ၁၀၀လျှင် ကျပ်၁၀၀၀၀၀၀၊ မှော်ဘီ(၂) ဆန် ၂၄ပြည် တစ်အိတ် လျှင် ကျပ် ၄၈၀၀၀၊ ဆင်းဧကရီ(၃)(စပါး) တင်း၁၀၀ လျှင် ကျပ် ၉၀၀၀၀၀၊ ဆင်းဧကရီ-၃ဆန် ၂၄ပြည်တစ်အိတ်မှာကျပ် ၄၃၀၀၀၊ ဧရာမင်း (စပါး) တင်း ၁၀၀ လျှင် ကျပ် ၁၅၀၀၀၀၀၊ ဧရာမင်းဆန် ၂၄ ပြည်ဆန်တစ်အိတ်လျှင် ကျပ် ၆၂၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

    မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၁၆၀၀၀၀၀၊  ဧရာမင်း(ဆန်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၇၀၀၀၀၊ ပေါ်ဆန်း(စပါး) တင်း ၁၀၀လျှင် ကျပ် ၂၂၀၀၀၀၀၊ ပေါ်ဆန်း(ဆန်) ၂၄ပြည် တစ်အိတ်လျှင် ကျပ် ၈၅၀၀၀၊ မနောသုခ (စပါး)တင်း ၁၀၀လျှင် ကျပ် ၁၀၀၀၀၀၀၊ မနောသုခ(ဆန်) ၂၄ ပြည် တစ်အိတ်လျှင် ကျပ်၄၀၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

    ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၁၄၀၀၀၀၀၊  ဧရာမင်း (ဆန်)၂၄ပြည် တစ်အိတ်မှာ ကျပ် ၆၅၀၀၀၊ ပေါ်ဆန်း(စပါး) တင်း ၁၀၀လျှင် ကျပ် ၂၃၀၀၀၀၀၊ ပေါ်ဆန်း (ဆန်) ၂၄ပြည် တစ်အိတ်လျှင် ကျပ် ၈၅၀၀၀၊ နွေ(စပါး) တင်း ၁၀၀လျှင် ကျပ် ၁၀၀၀၀၀၀၊ နွေ (ဆန်) ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၄၀၀၀၀ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

   စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဩဂုတ်လ(စတုတ္တ)ပတ် တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြား တိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၅၆၀၀၀၊ မန္တလေးသို့ အိတ်ရေ ၅၁၈၀၀၊ မကွေး သို့ အိတ်ရေ ၁၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၂၀၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၁၀၀၀၀၊ ရှမ်း (မြောက်)သို့အိတ်ရေ ၁၀၀၀၀၊ စုစုပေါင်းအိတ်ရေ (၁၄၀၈၀၀) အိတ်၊ တန်အားဖြင့်(၇၀၄၀) စီးထွက်ခဲ့ပြီး၊ ယခု ဩဂုတ်လ(နောက်ဆုံး)ပတ်တွင် စစ်ကိုင်းတိုင်းဒေသ ကြီးမှ အခြား တိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၄၇၅၀၀၊ မန္တလေးသို့ အိတ်ရေ ၆၆၂၀၀၊ မကွေး သို့ အိတ်ရေ ၁၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၃၀၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၁၁၀၀၀၊ ရှမ်း (မြောက်)သို့အိတ်ရေ ၁၀၅၀၀၊ စုစုပေါင်းအိတ်ရေ (၁၄၉၂၀၀)အိတ်၊ တန်အားဖြင့်(၇၄၆၀) စီးထွက်ခဲ့သည့်အတွက် ယခင်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခုပတ်တွင် အိတ်ရေ (၈၄၀၀) တန်အားဖြင့် (၄၂၀) ပိုမို စီးထွက်ခဲ့ ပါကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)