
မအူပင်ခရိုင်၊ အရှေ့ဘက်ကမ်းကျေးရွာတွင် ဟင်းသီးဟင်းရွက် အများဆုံးစိုက်ပျိုးသော ကျေးရွာတစ်ခုဖြစ်သည်။ မြစ်နှင့် နီး၍ ဆောင်ရာသီတွင် နှုန်းမြေပေါ်၌ ဆောင်ရာသီ ဟင်းသီးဟင်းရွက် အများဆုံးစိုက်ပျိုးကြသည်။ စိုက်ပျိုးသီးနှံများမှာ ပန်းဂေါ်ဖီ၊ ဂေါ်ဖီပွင်ံံ၊ ပဲသီး၊ စံပယ်ပန်း၊ သင်္ဘောသီး၊ ငရုတ်၊ သခွား၊ ကြက်ဟင်းခါးသီး၊ ဗုံလုံသီး၊ ပြောင်း၊ ကြံ၊ မုန့်လာဥ၊ ချဉ်ပေါင်၊ ရုံပတီသီး၊ အစာရှိသော သီနှံများစွာကို စိုက်ပျိုးကြသည်။
စိုက်ပျိုးသီးနှံထဲမှ သင်္ဘောသီး ထွက်ရှိနေ၍ စိုက်ပျိုးရောင်းချနေမှုကို လေ့လာရာ အရှေ့ဘက်ကမ်း ဥယျဉ်ခြံ မြေတွင် အပင် ၁၀၀ကို စိုက်ပျိုးထားကြောင်း၊ စိုက်ပျိုးမှု အနေဖြင့် အပင်ပေါက်ကို စိုက်ပျိုးပြီး တစ်ပင်လျှင် ၂၀၀၀ကျပ်ဖြင့် ဝယ်ယူစိုက်ပျိုးရကြောင်း၊ သင်္ဘောပင်စိုက်ပျိုးရာတွင် အပင်သက်တမ်း ခုနစ်လမှစ၍ အသီး စတင်ခူးဆွတ်လေ့ရှိကြောင်း၊ သင်္ဘောပင်၏ သက်တမ်းကို နှစ်နှစ်သားအထိ ထားလေ့ရှိကြောင်း စိုက်ပျိုးသူမှ ရှင်းပြသည်။ ယခုသင်္ဘောပင်ကို ၂၀၂၄ခုနှစ် ၅လပိုင်းမှ စတင်စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ ၂၀၂၄ ဒီဇင်ဘာလတွင် အသီးစတင်ထွက်ရှိပြီး ၄လခန့်အကြာ ရောင်းတန်းဝင်အသီးများကို ခူးယူရောင်းချကြောင်းသိရသည်။
စိုက်ပျိုးမှု မျိုး၊ သွင်းအားစု၊ လုပ်သားခ၊ ကုန်ကျစရိတ်အနေဖြင့် သိန်း ၄၀ ခန့်ကုန်ကျကြောင်း သိရသည်။ ၂၀၂၅ ခုနှစ် ဧပြီလတွင် သင်္ဘောသီ ခေါင်သီးကောင်းများထွက်ရှိပြီး တစ်လုံးလျှင် လက်လီဈေး ၇၀၀၀ကျပ်ထိ ဈေးကောင်း ရရှိပြီး ယခုဩဂုတ်တွင် သင်္ဘောသီး အကျများသာကျန်ရှိ၍ တစ်လုံးလျှင် အမြင့်ဆုံးဈေးမှာ ၂၀၀၀-၃၀၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ စိုက်ပျိုးသူမှ ရှင်းလင်းပြောကြားသည်။
သင်္ဘောတစ်ပင်မှ အသီး ၄၀ခန့် ထွက်ရှိပြီး ၂၀၂၅ခုနှစ် ဧပြီလမှ ဩဂုတ်လ ၅လအတွင်း ထွက်ရှိရောင်းချနေကြောင်း၊ ထွက်ရှိမှုအနေဖြင့် အသီး ၃၀၀၀ခန့်ရရှိသည်။ လက်ကားဈေးအနေဖြင့် ဈေးကွက်အတွင်း ၆၀၀၀-၂၅၀၀-၁၅၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ အကျိုးအမြတ်အနေဖြင့် စိုက်ပျိုးမှုမှ ငွေကျပ် ၆ ၀၀၀ ၀၀၀ကျပ် ကျန်ရှိကြောင်း၊ သင်္သောပင်သည် စီးပွားဖြစ်စိုက်ပျိုးသင့်သော သီးနှံတစ်မျိုးဖြစ်သည်။ အပင် ၁၀၀စိုက်ပျိုး ခြင်းမှ ဒေသတွင်းနှင့် မြို့နယ် နီးစပ်သော ဒေသများသို့ တင်ပို့ရောင်းချကြောင်း၊ ရန်ကုန်သို့ အနည်းငယ်သာ တင်ပို့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)