
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ကြို့ပင်ကောက်မြို့နယ် ဘူတာရုံလမ်းရထားဘူတာရုံ အနီးရှိ ဖရဲသီးရောင်းချသူ ဦးဝင်းထွဋ်အား ဖရဲသီးဈေးကွက်အခြေအနေကို သိရှိနိုင်ရန်စားသုံးသူ ရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်း(၂)ဦးတို့မှ (၁၂.၈.၂၀၂၅) ရက်နေ့တွင် ကွင်းဆင်း မေးမြန်း ခဲ့ပါသည်။
ယခုနှစ်ဖရဲသီးများကို စစ်ကိုင်းတိုင်း၊စစ်ကိုင်းမြို့မှ မှာယူရောင်းချပါကြောင်း ဖရဲသီးအစုံ အလုံး အကြီး/အသေးမျိုးစုံမှာယူရောင်းချပါကြောင်း၊ ယခုမှာယူသောမျိုးမှာ (ယိုးဒယား) သီးမျိုးဖြစ်ပါကြောင်း၊ ဖရဲသီးကိုစစ်ကိုင်းမျိုးမှမှာယူပြီး (၁၀)ဘီးကားတစ်စီးလျှင် အလုံး(၁၈၀၀) ပါရှိရာ အသီးဖိုး(၅၀) သိန်း၊ကားခ(၁၃သိန်းခွဲ)၊ လုပ်သားခ (၅၀၀၀၀)ကျပ်ဖြင့် ၊ ကြို့ပင်ကောက်မြို့ အရောက်ပေးချေရပါကြောင်း သိရှိရပါသည်။
ဈေးနှုန်းဈေးကွက်အနေဖြင့် တစ်လုံးကို (၄၀၀၀)/(၅၀၀၀) ကျပ်၊အကြီး၊အသေးပေါ်မူတည်၍ ကိုယ်တိုင်ဆိုင်မှာ ရောင်းချသလိုဖောက်သည်အသီးဆိုင်များနှင့် အနီးအနားမြို့အုတ်ဖိုမြို့ကိုလည်း တစ်ဆင့်ဖြန့်ပေးပါကြောင်း၊ဖရဲသီးစိပ် ဗန်းရွက်သမားများကိုလည်း ခွဲပေး၍ရောင်းချပါကြောင်း တစ်စိပ်လျှင် (၅၀၀) /(၁၀၀၀) ကျပ်ဖြင့် ရောင်းချပါကြောင်း ဖရဲကားတစ်စီးကို မြို့တွင်းအရောင်းနှင့် အုတ်ဖိုမြို့သို့ဖောက်သည်ပေးကြောင်း ဖရဲသီးကားတစ်စီးလျှင် (၁၀)ရက်ဘဲရောင်းချပါကြောင်း သိရှိရပါသည်။
ယခုအခါ ဖရဲသီးများသည် (၁၂)လရာသီစိုက်ပျိုးသည့်အတွက် အရောင်းပြတ်တယ်လို့မရှိပါ ကြောင်း အသီးများကုန်ပြီး ထပ်မှာရပါကြောင်း အကျိုးအမြတ်အနေဖြင့် သိန်း(၆၀) သိန်းရင်းလျှင် (၁၀)သိန်း/(၁၅)သိန်းခန့်အမြတ်ကျန်ရှိပါကြောင်း ဖရဲသီးရောင်းချသူထံမှ သိရှိရပါသည်။
DOCA(ပဲခူး)