Main menu

သာစည်ဈေးရှိ ဂေါ်ရခါးသီးနှင့် ခါကြက်ဥဈေးနှုန်း

Powered by Drupal

        မုံရွာမြို့၊ သာစည်ဈေးတွင် ရောင်းချနေသော ဟင်းသီးဟင်းရွက်ဈေးတန်းများတွင် ခါကြက်ဥနှင့် ဂေါ်ရခါးသီးများလည်း ရောင်းချလျက်ရှိပါသည်။ ဂေါ်ရခါးသီးနှင့် ခါကြက်ဥများကို အိမ်ရှင်မများက အိမ်သုံးချက်ပြုတ်ရန်အတွက် ဝယ်ယူကြပြီး စားသောက်ဆိုင်များမှလည်း စီးပွားဖြစ်အသုံးပြန်ရန် အဓိက ဝယ်ယူကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ်တွင် ဂေါ်ရခါးသီး အလုံးကြီး တစ်လုံးလျှင် (၇၀၀) ကျပ်နှင့် အလုံးသေးတစ်လုံးလျှင် (၅၀၀)ကျပ် ဖြင့်လည်းကောင်း ခါကြက်ဥ ဈေးနှုန်းမှာ ခါကြက်ဥ (တရုတ်)တစ်ပိဿာလျှင်(၉၀၀၀)ကျပ်၊(၅၀)ကျပ်သားလျှင်(၄၅၀၀)ကျပ်နှင့်  ခါကြက်ဥ(ဗမာ)တစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင် (၂၅၀၀)ကျပ် ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိ ကြောင်း သာစည်ဈေးတွင် ရောင်းချနေသော ကုန်စိမ်း ဈေးသည်များထံမှ သိရပါသည်။   

DOCA (စစ်ကိုင်း)