စားဖိုဆောင်သီးနှံတစ်ခုဖြစ်သည့် ကြက်သွန်ဖြူကို ပြည်နယ်အတွင်း၌လည်း တပိုင်တနိုင် စိုက်ပျိုးလျက်ရှိကြပြီး၊ ယခင်နှစ်စိုက်ပျိုးချိန်တွင် ထွက်ရှိမှုနည်းပါ၍ ပြည်နယ်အတွင်း စားသုံးရန်အတွက် ကြက်သွန်(ဖြူ)ကို အောင်ပန်း၊ ကလောတို့မှ သယ်ယူကာ ရောင်းချလျက်ရှိကြောင်း ၊ လက်ရှိ ဈေးကွက်အတွင်းဖြစ်ပေါ်နေသော ဈေးနှုန်းများမှာ စက်တင်ဘာလပထမပတ်တွင် ကြက်သွန်(ဖြူ) ရှမ်းစ တစ်ပိဿာလျှင် ကျပ် (၅၀၀၀) ၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ကျပ် (၆၀၀၀)၊ ဩဂုတ်လ ပထမပတ်တွင် ရှမ်းစ တစ်ပိဿာလျှင် ကျပ် (၄၀၀၀) ၊ ဖြစ်၍ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ကျပ် (၄၅၀၀)၊ ဖြင့်ရောင်းချလျှက်ရှိကြောင်း၊ ယခု စက်တင်ဘာလ ပထမပတ်နှင့် ဩဂုတ်လ ပထမပတ် နှိုင်းယှဉ်မည်ဆိုလျှင် ရှမ်းစ တစ်ပိသာလျှင် ကျပ် (၁၀၀၀)ခန့်၊ (ကြူကုတ်) တစ်ပိဿာလျှင် (၁၅၀၀)ကျပ် ဈေးနှုန်း မြင့်တက်လျှက်ရှိကြောင်း လွိုင်ကော်မြို့ သီရိ မင်္ဂလာဈေးတွင် ရောင်းချနေသော ကုန်သည်များထံမှ သိရှိရပါတယ်။
DOCA(ကယား)