Main menu

မြိတ်မြို့ပေါ်ရှိသခွားသီးဈေးနှုန်း

Powered by Drupal

      တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်အတွင်းသို့ အနယ်နယ်အရပ်ရပ်မှ သစ်သီးများ၊ ပန်းများနှင့် ကုန်စိမ်းများဝင်ရောက်လျက်ရှိရာ သခွားသီးသည်လည်း ရောင်းအားကောင်းသော သီးနှံတစ်မျိုးဖြစ်သည်။ နေရောင်ခြည်ကောင်းစွာရရှိပြီး စိုထိုင်းစနည်းသော အရပ်များတွင် စိုက်ပျိုးရန် အသင့်တော်ဆုံးဖြစ်သည်။

   သခွားသီးများကို မြိတ်မြို့ ပေါ်ရှိ သီရိမင်္ဂလာဈေး၊ မြို့သစ်ဈေးနှင့် ဆိပ်ငယ်ဈေးကြီးတို့တွင် ရောင်းချလျက်ရှိရာမှ သြဂုတ်လတတိယပတ်တွင် သခွားသီးအကြီးတစ်လုံး (၁၅၀၀) ကျပ်နှင့် အသေးတစ်ပိဿာ (၅၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)