Main menu

မြိတ်မြို့ပေါ်ရှိထောပတ်သီး‌ဈေးနှုန်းအခြေအနေ

Powered by Drupal

    တနင်္သာရီတိုင်းဒေသကြီး၊မြိတ်မြို့ပေါ်တွင် ဒေသထွက်ကုန်နှင့် အနယ်နယ်အရပ်ရပ်မှ တင်သွင်းလာသောလူသုံးကုန်၊စားသောက်ကုန်များ အများအပြားရောင်းချလျက်ရှိရာမှ Hass မျိုး ထောပတ်သီးသည်လည်း လူကြိုက်များလျက်ရှိသည်။ ဗီတာမင်နှင့်အဆီဓာတ် များ ပါဝင်ပြီး အရိုးများသန်မာစေသော အာနိသင်များပါဝင်သည်။  ရှမ်းပြည်နယ်မှတင်သွင်းလာ သော Hass မျိုး ထောပတ်သီးကို မြိတ်မြို့ပေါ်ရှိဆိပ်ငယ်ဈေးနှင့် နောက်လယ်ဈေး၊ သီရိမင်္ဂလာဈေးတို့တွင် ရောင်းချလျက်ရှိသည်။ ယခင်က ထောပတ်သီး ၁ ကီလိုလျှင် (၁၂၀၀၀)ကျပ် နှင့် ကီလိုဝက်လျှင် (၆၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိရာမှ ယခုသြဂုတ်လ တတိယပတ်တွင် ထောပတ်သီး ၁ ကီလိုလျှင် (၇၀၀၀) ကျပ်သို့ဈေးကျဆင်းသွားကြောင်း သစ်သီးရောင်းချသူထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)