Main menu

မြိတ်မြို့ပေါ်ရှိ ရာသီပေါ်မန်ကျည်းသီးနုဈေးနှုန်းကျဆင်း

Powered by Drupal

     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်တွင် ဒေသထွက်ကုန်များ၊ ရေထွက်ကုန်များနှင့် စိုက်ပျိုးသီးနှံများကို တစ်နိုင်တစ်ပိုင်ရောင်းချလျက်ရှိပါသည်။ ယခုမိုးရာသီတွင်ခြံထွက်သီးနှံ ဖြစ်သည့် မန်ကျည်းသီးသည်လည်း မြိတ်မြို့ပေါ်ရှိ စျေးကွက်များတွင် ရောင်းချလျက်ရှိပါ သည်။ မန်ကျည်းသီးသည် သြဂုတ်လမိုးရာသီတွင် အထွက်များ‌သောကြောင့် ဈေးနှုန်းအနည်း ငယ်ကျဆင်းလာကြောင်းသိရှိရသည်။

     မြိတ်မြို့ပေါ်ရှိစျေးများတွင် မန်ကျည်းသီးနုဈေးနှုန်းစုံစမ်းချက်အရ ဇွန်လတွင် တစ်ပုံးလျှင် (၂၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိရာမှ ယခုသြဂုတ်လတွင် မန်ကျည်းသီးနု တစ်ပုံးလျှင် (၁၅၀၀) ကျပ်ဖြင့်ရောင်းချလျက်ရှိသည့်အတွက် ကျပ် (၁၀၀၀)ခန့် ဈေးနှုန်းကျဆင်းသွားကြောင်း ကုန်စိမ်းရောင်းချသူထံမှသိရှိရပါသည်။

DOCA(တနင်္သာရီ)