Main menu

၂၀၂၂-၂၀၂၃ ခုနှစ် ကြံတစ်တန် ကြိုပွိုင့် ရှစ်သောင်းကျပ်ထိ ဈေးရရှိ

Powered by Drupal

      ကသာခရိုင်၊ ကသာမြို့နယ်နှင့် ထီးချိုင့်မြို့နယ်များ၌ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်တွင် ကြံစိုက်ပျိုးသူများ များပြားပြီး ၂၀၂၁-၂၀၂၂ ခုနှစ် ကြံစိုက်ဧကမှာ (၁၂၆၈၅၀)ဧက ရှိပါသည်။ ထီးချိုင့်မြို့နယ်တွင် သကြားစက်(၃)စက်ရှိပြီး ကြံကုန်ကြမ်း တန်ချိန် ၇ သိန်းနီးပါ ကြိတ်ခွဲနိုင်ခဲ့သည့်အတွက် သကြားတန်ချိန် ၇ သောင်းကျော်ထိ ထုတ်လုပ်နိုင်ခဲ့ကြောင်း သက်ဆိုင်ရာဌာနစာရင်းများအရ သိရှိရသည်။

     ထီးချိုင့်မြို့နယ်၊ မြတောင်သားကျေးရွာရှိ မြတောင်သားသကြားစက်လုပ်ငန်းရှင်မှ ထီးချိုင့်မြို့ နယ်တွင် ဂရိတ်ဝေါဝေမာသကြားစက်၊ မြတောင်သားသကြားစက်နှင့် UTP သကြားစက် စုစုပေါင်း (၃) စက်ရှိကြောင်း၊ ဂရိတ်ဝေါဝေမာသကြားစက်မှာ ကြံတစ်ရာသီကို တန်ချိန် ၆ သိန်းနီးပါးထိ ကြိတ်ခွဲနိုင် သည့်စက်ကြီးဖြစ်ပြီး မြတောင်းသားနှင့်UTPသကြားစက်မှာ ကြံတစ်ရာသီလျင် ကြံတန်ချိန် သုံးသောင်း မှ လေးသောင်းနီးပါးထိသာ ကြိတ်နိုင်ပါကြောင်း၊ သကြားအထွက်နှုန်းအနေဖြင့် ကုန်ကြမ်းကြံ(၁၀)တန် ကြိတ်ပါက သကြားကုန်ချော(၁)တန် (၆၁၂)ပိဿာထွက်ရှိပြီး ထွက်ရှိလာသော သကြားကုန်ချောများ ကို မန္တလေးသို့ တင်ပို့ရောင်းချကြောင်း၊ ယခင် ၂၀၂၁-၂၀၂၂ ခုနှစ် ကြံရာသီတွင် ကြံတစ်တန် ၆၄၀၀၀ ကျပ်နှင့် ရာသီပိတ်ခဲ့ပြီး သကြားဈေးမှာ မန္တလေးပေါက်ဈေး တစ်ပိဿာ ၁၈၀၀ ကျပ်မှ ၂၀၀၀ ကျပ်ရှိကြောင်း၊ ယခုနှစ်တွင် သကြားဈေးတက်လာသည့်အတွက် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ကြံတစ်တန် ၈၀၀၀၀ ကျပ်ထိ ကြိုပွိုင့်ပေးနေကြပြီး မိမိသည်လည်း ကြံတန်ချိန်တစ်သောင်းကျော်အား တစ်တန် ၈၀၀၀၀ ကျပ်ဖြင့် တောင်သူများသို့ ကြိုပွိုင့်ပေးထားကြောင်း၊ ယခုအချိန်တွင် ကြံရာသီမဟုတ်သည့်အတွက် စက်ရုံပိတ်ထားရပြီး အခက်အခဲအနေဖြင့် နယ်မြေမအေးချမ်းသည့်အတွက် ကြံရာသီပေါ်ချိန် တွင် စက်ရုံမလည်ပတ်နိုင်မည်ကိုစိုးရိမ်ကြောင်း မြတောင်သားသကြားစက်လုပ်ငန်းရှင် ဦးတင်ဝင်းထွန်း ၏ ဆွေးနွေးပြောကြားချက်အရ သိရှိရပါသည်။

DOCA(စစ်ကိုင်း)