Main menu

သွေးတိုးရောဂါကိုလျော့ချပေးသောဖူးစားပြောင်းဈေးကွက်

Powered by Drupal

  ပြောင်းဖူးသည် အာဟာရဓာတ်ကြွယ်ဝပြီး ကျန်းမာရေးအတွက် အထောက်အကူပြုသော ကောက်နှံတစ်မျိုးဖြစ်ကြောင်း၊ မြင်းခြံမြို့နယ်အတွင်းရှိ စည်ပင်သာယာဈေးများတွင် ယခုဩဂုတ်လဒုတိယပတ်တွင် ရောင်းချနေသော ပြောင်းဖူးတစ်ဖူးလျှင်လက်လီဈေး (၅၀၀-၆၀၀) ကျပ် ပေါက်ဈေး များရှိကြောင်း၊ ယခင်ဇူလိုင်လတွင် ရောင်းချခဲ့သော ပြောင်းဖူးတစ်ဖူးလျှင် လက်လီဈေး (၄၀၀-၅၀၀) ကျပ် ပေါက်ဈှေးများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ကာလတူနှိုင်းယှဉ်ပါက ယခင်လထက် ယခုလတွင် ပြောင်းဖူးတစ်ဖူးလျှင် (၁၀၀) ကျပ်ခန့် ဈေးနှုန်းအနည်းငယ် မြင့်တက်ခဲ့ကြောင်း၊ ထိုသို့မြင့်တက်ခဲ့ခြင်းမှာ ပြောင်းဖူးထွက်ပေါ်ချိန် ကုန်ဆုံခါနီးပြီ ဖြစ်သော ကြောင့် ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း စားသုံမှုများ၍ အရောင်းအဝယ် လည်းဖြစ်လျက်ရှိကြောင်း၊ လက်ကားဈေးအနေဖြင့်  ပြောင်းဖူးအရေအတွက် (၃၀-၅၀) ဖူးမှစ၍ဝယ်ယူပါက ဈေးအနည်းငယ် ကွာခြားကြောင်း ကုန်စိမ်းရောင်းချသူတစ်ဦး၏ ပြောပြချက်အရသိရှိရသည်။ ဈေးကွက်ဝင်ရောက် မှုအနေဖြင့်  ဒေသတွင်း ကျေးရွာ များဖြစ်သော လေးအိမ်တန်း၊ လှိုင်းတက်၊ ဘောလုံး၊ နဘူးအိုင်နှင့် ဒါးကျွန်း ကျေးရွာများမှ မြို့နယ်အတွင်းသို့ လာရောက်ရောင်းချကြောင်း သိရှိရသည်။ ပြောင်း ဖူး(ဆောင်း) ကို အောက်တိုဘာလမှ နိုဝင်ဘာလတွင် စိုက်ပျိုးပြီး ဖေဖော်ဝါရီလ၊ မတ်လနှင့် ဧပြီလတို့တွင် ရိတ်သိမ်း ထွက်ပေါ် ကြောင်း၊  နေရောင်ခြည်အလုံအလောက် ရရှိ၍ မြေဆီလွှာထူပြီး ရေစီးရေလာကောင်းသော နုန်းမြေများ တွင် အထွက်နှုန်းကောင်း ကြောင်းသိရှိရသည်။ ကျန်းမာရေး အကျိုးကျေးဇူး အနေဖြင့် အမျှင်ဓာတ်နှင့် ပိုတက်ဆီယမ် တို့ပါဝင်သောကြောင့် သွေးတိုးနှင့် နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့ချပေးကြောင်း၊ အစာခြေစနစ်ကို ကောင်းမွန်စေပြီး ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးကြောင်း သိရှိရသည်။ ပြောင်းဖူးသည် စိုက်ပျိုးရလွယ်ကူပြီး အာဟာရ ဓာတ်များစွာ ပါဝင်သော အစားအစာ ဖြစ်ပြီး ကျန်းမာရေးနှင့် ညီညွတ်စွာစားသုံးပါက ခန္ဓာကိုယ်အတွက် အထောက်အကူဖြစ်စေကြောင်း သိရှိရသည်။    

DOCA(မန္တလေး)