စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဉီးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်အနေဖြင့် စက်တင်ဘာလ ( ၅ ) ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကလေးဝမြို့ ( အ.ထ.က ) ကျောင်း၌ ဆရာ/ဆရာမ ( ၁၂ ) ဉီးနှင့် ကျောင်းသား/ ကျောင်းသူ ( ၄၀၀ ) ဦး၊ စုစုပေါင်း( ၄၁၂ )ဦး အား စားသုံးသူအခွင့်အရေးများအကြောင်း အသိပညာဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လျှပ်စစ်ဦးစီးဌာနများပါဝင်ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်သဉ္ဇာထွန်းမှ ဦးစွာပထမ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ ကလေးဝ မြို့နယ်တာဝန်ခံ ဦးကျော်ကျော်မိုးမှ စားသုံးသူအခွင့်အရေး သိကောင်းစရာများအကြောင်းကို လည်းကောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှ ဦးစီးအရာရှိ ဦးဇော်ဝင်းထွန်းမှ လူငယ်နှင့်စာပေ သိကောင်းစရာများအကြောင်းကိုလည်းကောင်း၊ လျှပ်စစ်ဦးစီးဌာန ဦးအောင်နိုင်ဝင်း မြို့နယ်ဦးစီးမှူးမှ လျှပ်စစ်သုံးစွဲမှုနှင့် သိမှတ်စရာအဖြာဖြာကိုလည်းကောင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဦးရာဇာဝင်း မြို့နယ်ဦးစီးမှူးမှ ထိန်းသိမ်းစောင့်ရှောက်ရမည့် ဇီဝမျိုးကွဲများအကြောင်းကို အသိပညာပေးဟောပြောခဲ့ပြီးအခမ်းအနားကို (၁၁:၀၀)နာရီအချိန်တွင် ပြီးမြောက်ခဲ့ပါကြောင်း သတင်းရရှိရပါသည်။
DOCA(စစ်ကိုင်း)