ရှမ်းပြည်နယ်(မြောက်ပိုင်း)၊လားရှိုးမြို့တွင် ဩဂုတ်လ စတုတ္ထပတ်အတွင်း ဓါတ်မြေဩဇာဈေးနှုန်း မြင့်တက်လျက်ရှိပြီး လူသုံးများသည့်တံဆိပ်များနှင့် ဈေးနှုန်းများမှာ ရွှေတောင်ပုလဲ(၅၀)ကီလိုဂရမ်တစ်အိတ်လျှင် (၁၂၆၀၀၀)ကျပ်၊ အာမိုပုလဲ(ဓါတ်စာ)(၅၀)ကီလိုဂရမ် တစ်အိတ်လျှင် (၇၅၀၀၀)ကျပ်၊ CP(၄၆:၀:၀) (၅၀) ကီလိုဂရမ်တစ်အိတ်လျှင် (၁၃၀၀၀၀)ကျပ်၊ ဩဘာ(၁၀:၁၀:၅) (၅၀)ကီလိုဂရမ် တစ်အိတ်လျှင် (၉၀၀၀၀)ကျပ်ဖြင့် အသီးသီးမြှင့်တက်နေပြီး ပိုးသတ်ဆေးဈေးနှုန်းမှာလည်း အလားတူမြင့်တက်လျက်ရှိရာ ငှက်ကြီးတောင်(၁၀၀)စီစီ (၁)ဘူးလျှင် (၁၄၀၀၀)ကျပ်၊ အလန်း(၁၅) WP(၁၀၀)ဂရမ် (၁)ဘူးလျှင် (၁၃၀၀၀) ကျပ်၊ ဖိုး(စ်)တင်းအီးစီ(၁၀၀)စီစီ (၁)ဘူးလျှင် (၅၀၀၀)ကျပ်၊ ကပ္ပတိန်(၁၀၀)ဂရမ် (၁)ဘူးလျှင် (၉၀၀၀)ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း စုံစမ်းသိရှိရပါသည်။
ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများမှာ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်လျှင် ဈေးနှုန်းမြင့်တက်လျက်ရှိသော်လည်း စိုက်ပျိုးရာသီဖြစ်သောကြောင့် အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ရှမ်း)