ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့ရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များ နှင့် ဈေးများတွင် ရှင်မတောင်သနပ်ခါးတုံးများကို ရွှေဘိုမြို့နှင့်မုံရွာမြို့တို့မှ မှာယူရောင်ချလျက်ရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ်အတွင်း ကျွန်းလှမြို့တွင် ရောင်းချနေသော မြန်မာ့ရိုးရာ သနပ်ခါးဈေးနှုန်းမှာ သနပ်ခါးတုံး အကြီးအသေးပေါ်မူတည်၍ အတုံးကြီး(၁)တုံးလျှင်(၅၀၀၀မှ ၅၅၀၀)ကျပ်၊ အလတ်(၁)တုံးလျှင်(၃၅၀၀ မှ ၄၀၀၀)ကျပ်ဈေးနှင့် အသေး(၁)တုံးလျှင်(၂၅၀၀ မှ၂၀၀၀) ကျပ်ထိ နှင့် သနပ်ခါးတုံးအမြစ်တုံးကလေးများသည်(၇၀၀ မှ ၁၀၀၀)ကျပ်ထိ ဈေးနှုန်း အသီးသီး တို့ဖြင့် အရွယ်အစား အမျိုးအစားပေါ်မူတည်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။
DOCA(စစ်ကိုင်း)