Main menu

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ‘ပလောင်’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ တစ်ပိုင်တစ်နိုင်အိမ်တွင်းစီးပွားဖြစ် “တို့ဖူးချဉ်(ဆီတို့ဖူး)”

Powered by Drupal

     ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ‘ပလောင်’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့တွင် ဒေသ စားသုံးရန်အတွက် “တို့ဖူးချဉ်(ဆီတို့ဖူး)”ကို ပဲပုတ်စေ့အကြီးဖြင့် ပြုလုပ်ထားပြီး တစ်ပိုင်တစ်နိုင် အိမ်တွင်းစီးပွားဖြစ် လုပ်ကိုင်လျက်ရှိကြောင်း သိရှိရသည်။ “တို့ဖူးချဉ်(ဆီတို့ဖူး)”ကို ယခင်က အိမ်တွင်း စားသုံးရန်အတွက်သာ လုပ်ကိုင်ခဲ့ပြီး ၂၀၀၁ခုနှစ်မှစတင်၍ ဒေသတွင်း စားသုံးရန် ပမာဏအနည်း ငယ်သာ ထုတ်လုပ်ရောင်းချခဲ့သော်လည်း ယခုအခါတွင်တစ်နှစ်လျှင် ခန့်မှန်းချေ ပိဿာချိန် ၂၆၅၀ ပိဿာခန့်ထိ ပြုလုပ်ရောင်းချနိုင်ခဲ့ပါကြောင်း “တို့ဖူးချဉ် (ဆီတို့ဖူး)” လုပ်ငန်းပိုင်ရှင်၏ ပြောပြချက် အရ သိရှိရပါသည်။ “တို့ဖူးချဉ်(ဆီတို့ဖူး)” (၃၀၀)ဂရမ် တစ်ဘူးကိုယခင်က ၁၀၀၀ ကျပ်နှင့် ၁၅၀၀ ကျပ်ဟူ၍ နှစ်မျိုးရောင်းချခဲ့သော်လည်း ယခုအခါ “တို့ဖူးချဉ်(ဆီတို့ဖူး)” ပြုလုပ်ရန် ပါဝင်သည့် ကုန်ကြမ်းပစ္စည်းများမှာ ဈေးနှုန်းမြှင့်တက်လာသောကြောင့် ၂၀၀၀ ကျပ်နှင့် ၂၅၀၀ ကျပ် ဟူ၍ တိုးမြှင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ဈေးကွက်အနေဖြင့် ကျောက်မဲ၊ လားရှိုး၊ မူဆယ်မြို့များသို့ အဓိကတင်ပို့ရောင်းချပြီး၊ အခြားမြို့နယ်အနှံ့အပြားကိုလည်း ကိုယ်စားလှယ်များမှ တစ်ဆင့် ဖြန့်ဖြူး ရောင်းချကြောင်း သိရှိရပါသည်။ “တို့ဖူးချဉ်(ဆီတို့ဖူး)”လုပ်ငန်းသည် မိသားစုပုံမှန် ဝင်ငွေရရှိပြီး တစ်ပိုင် တစ်နိုင် အိမ်တွင်းမှုလုပ်ငန်းအဖြစ် အဆင်ပြေလျက်ရှိသောကြောင့် ပြည်တွင်းကုန်သွယ်မှုလည်း တိုးတက်လာနိုင်မည်ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။ 

DOCA(ရှမ်း)