Main menu

တနင်္သာရီတိုင်းဒေသကြီး ကွမ်းသီး‌‌စျေးနှင့် သီဟိုစေ့စျေးတဟုန်ထိုးမြင့်တက်

Powered by Drupal

       ကွမ်းသီးနှင့် သီဟိုစေ့များသည် မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် အများဆုံးစိုက်ပျိုးလျက်ရှိပါသည်။ ကွမ်းသီးတွင် ကွမ်းသီးအလုံးစျေးနှင့် ကွမ်းသီးခွဲခြမ်း စျေးဟူ၍ စျေးနှုန်း (၂)မျိုးရှိပြီး သီဟိုစေ့တွင် အခွံမချွတ်ရသေးသောအပင်မှ ဆွတ်ခူးသော အသီးအကြမ်းစျေးနှင့် အခြောက်လှန်းသန့်စင်ပြီး အချောစျေးဟူ၍ စျေးနှုန်း (၂)မျိုးရှိ ကြောင်းသိရှိရပြီး ယခု စက်တင်ဘာ ၈ ရက်တွင် ဖြစ်ပေါ်လျက်ရှိသော ကွမ်းသီးစျေးမှာ ကွမ်းသီး အလုံး(အခွံမပါ) တစ်ပိဿာလျှင် (၉၅၀ဝိ/-)နှုန်း နှင့် ကွမ်းသီးခွဲခြမ်း တစ်ပိဿာလျှင် (၉၀၀ဝိ/-) နှုန်းစျေးပေါက်နေကြောင်းသိရှိရပါသည်။ သီဟိုစေ့စျေးနှုန်းမှာ သီဟိုစေ့အကြမ်း တစ်ပိဿာလျှင် ၄၅၀၀ ကျပ်ရှိပြီး  သီဟိုစေ့အချော တစ်ပိဿာလျှင် ၃၉၀၀၀ ကျပ် ရှိကြောင်း စုံစမ်းသိရှိရပါသည်။

       ကွမ်းသီးစျေးနှင့် သီဟိုစေ့စျေး (၂)မျိုးလုံးမှာ  စျေးနှုန်းမြင့်တက်လျက်ရှိ၍  အရောင်းအဝယ်မှာ အနည်းငယ်အေးလျက်ရှိနေကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)