အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် ယခင်အပတ်(၁.၉.၂၀၂၂)နှင့် ယခုအပတ် (၇.၉.၂၀၂၂)ရက်နေ့အတွင်း နှမ်းဖြူ (၄၅)ပိဿာတစ်အိတ်လျှင် ယခင်အပတ် (၂၃၅၀၀ဝိ/-)ယခု အပတ်(၂၅၀၀၀ဝိ/-)ဖြစ်၍ (၁၅၀၀ဝိ/-)ဈေးမြင့်တက်ခဲ့ပြီး၊ နှမ်းနီ ယခင်အပတ် (၂၃၅၀၀ဝိ/-)ယခုအပတ် (၂၄၅၀၀ဝိ/-)ဖြစ်၍ (၁၀၀၀ဝိ/-)ဈေးမြင့်တက်ခဲ့ပြီး၊နှမ်းနက်(စမုံ) ယခင်အပတ် (၂၇၅၀၀ဝိ/-)ယခုအပတ် (၂၈၀၀၀ဝိ/-)ဖြစ်၍ (၅၀၀ဝိ/-)ဈေးမြင့်တက်ခဲ့ပြီး၊ နှမ်းပြာ ယခင်အပတ်(၂၃၀၀၀ဝိ/-)ယခုအပတ်(၂၄၅၀၀ဝိ/-) ဖြစ်၍ (၁၅၀၀ဝိ/-)အသီးသီးဈေးမြင့်တက်ခဲ့ ကြောင်း သိရှိရပါသည်။
ပဲမျိုးစုံစျေးကွက်တွင် ဘိုကိတ်ပြာ(၂၀)ပိဿာတစ်တင်းလျှင် ယခင်အပတ်(၄၁၀၀ဝိ/-) ယခုအပတ် (၄၁၀၀ဝိ/-) ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိသော်လည်း ပဲစဉ်းငုံနီ ယခင်အပတ် (၆၆၀၀ဝိ/-) ယခုအပတ် (၆၅၀၀ဝိ/-) ဖြစ်၍ (၁၀၀ဝိ/-) ဈေးလျော့နည်းပြီး ပဲတီစိမ်း ယခင်အပတ် (၅၀၀၀ဝိ/-) ယခုအပတ် (၅၁၀၀ဝိ/-) ဖြစ်၍ (၁၀၀ဝိ/-) ဈေးမြင့်တက်ခဲ့ပြီး၊ မတ်ပဲမှာ ယခင်အပတ်(၆၂၀၀ဝိ/-) ယခုအပတ် (၆၄၀၀ဝိ/-) ဖြစ်၍ (၂၀၀ဝိ/-) ဈေးမြင့်တက်ခဲ့ပြီး၊ ပဲကြီး ယခင်အပတ်(၇၈၀၀ဝိ/-) ယခု အပတ်(၈၀၀၀ဝိ/-) ဖြစ်၍(၂၀၀ဝိ/-) ဈေးမြင့်တက်ခဲ့ပြီး၊ ကုလားပဲ(HL) ယခင်အပတ်(၆၆၀၀ဝိ/-) ယခုအပတ် (၆၇၀၀ဝိ/-) ဖြစ်၍ (၁၀၀ဝိ/-) ဈေးမြင့်တက်ခဲ့ပြီး၊ ကုလားပဲ(မြကြေး) ယခင်အပတ်((၆၅၀၀ဝိ/-) ယခုအပတ် (၆၆၀၀ဝိ/-) ဖြစ်၍ (၁၀၀ဝိ/-) ဈေးမြင့်၊ မြေပဲလုံးဆံ(နီ)တစ်ပိဿာလျှင် ယခင်အပတ်(၆၂၀ဝိ/-)ယခု အပတ် (၆၄၀ဝိ/-) ဖြစ်၍ (၂၀ဝိ/-) ဈေးမြင့်တက်ခဲ့ပြီး၊ မြေပဲလုံးဆံ(ဖြူ) ယခင်အပတ်(၆၂၀ဝိ/-)ယခုအပတ် (၆၃၀ဝိ/-) ဖြစ်၍ (၁၀ဝိ/-) ဈေးမြင့်တက်ခဲ့ပြီး၊ မြေပဲတောင့်(စို) တစ်တင်း ယခင် အပတ်(၂၄၀၀ဝိ/-) ယခုအပတ် (၂၅၀၀ဝိ/-) ဖြစ်၍ (၁၀၀ဝိ/-) အသီးသီးဈေးနှုန်းများ မြင့်တက်ခဲ့ပြီး အရောင်းအဝယ် ပမာဏအနေဖြင့် နှမ်းဖြူ(၁၁၀)အိတ်၊ နှမ်းနီ(၂၃၀)အိတ်၊ နှမ်းပြာ(၁၂၅၀)အိတ်၊ နှမ်းနက် (စမုံ)(၁၃၅၀၀) အိတ်၊ ပဲတီစိမ်း(၄၀၀)အိတ်၊ ပဲစဉ်းငုံနီ(၃၈၀)အိတ်၊ မတ်ပဲ(၂၇၀)အိတ်၊ ကုလားပဲ(HL) (၁၁၀၀)အိတ်၊ ကုလားပဲ(မြကြေး) (၉၀၀)အိတ်၊ ဘိုကိတ်ပြာ (၃၇၀)အိတ်၊ ပဲကြီး(၅၅၀)အိတ်၊ မြေပဲလုံးဆံ (ဖြူ)(၂၂၀၀)အိတ်၊ မြေပဲလုံး ဆံ(နီ) (၁၃၀၀)အိတ်၊ မြေပဲတောင့်(အစို)(၅၀၀၀)တင်းတို့ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)