Main menu

ဆိပ်ဖြူ ကြက်သွန်နီ ဩဂုတ်လ(စတုတ္ထ)ပတ်အတွင်း ဈေးနှုန်းဈေးကွက်နှင့်စီးဆင်းမှု အခြေအနေ

Powered by Drupal

     ဆိပ်ဖြူမြို့ ကြက်သွန်နီ အရောင်းအဝယ်ဖြစ်လျက်ရှိသော ကုန်စည်ဒိုင်သို့ ဩဂုတ်လ (စတုတ္ထ)ပတ်အတွင်း ကြက်သွန်နီပင်စိုက်အသစ်များ ဆိပ်ဖြူမြို့နယ်ဒေသတွင်း နေရာအနှံ့အပြားမှ နေ့စဉ်ဝင်ရောက်လျက် ရှိပါသည်။ တစ်ရက်လျှင်ပျမ်းမျှ ကြက်သွန်နီကုန်ချိန်ပိဿာ(၂)သောင်းခန့် (၁)ပတ်အတွင်း စုစုပေါင်းပိဿာ(၁)သိန်းခွဲခန့် ကုန်စည်ဒိုင်သို့ ဝင်ရောက်လျက်ရှိပြီး  မြို့ပေါ်ရှိ ကြက်သွန်ကုန်သည် သိုလှောင်ရုံများတွင် ကြက်သွန်နီပိဿာ ပျမ်းမျှ(၁)ပတ်အတွင်း ကုန်ချိန် (၄)သိန်းခွဲခန့် ဝင်ရောက်အရောင်းအဝယ်ဖြစ်ကြောင်း၊ ဩဂုတ်လ(၂၂)ရက်မှ(၃၁)ရက်ထိ ကုန်စည်ဒိုင်နှင့်သိုလှောင်ရုံများ အရောင်းအဝယ်ဖြစ်မှု စုစုပေါင်းမှာ ကြက်သွန်နီ ပိဿာ(၆)သိန်းခန့်ရှိကြောင်း မြို့ပေါ်ရှိကုန်စည်ဒိုင် အသင်းဝင် ကုန်သည်ပွဲစား(၁)ဦးထံမှ သိရှိရသည်။

    ဈေးနှုန်းဈေးကွက်အနေဖြင့် ဩဂုတ်(စတုတ္ထ)ပတ်အတွင်း ကြက်သွန်နီ(၁)ပိဿာ ထိပ်စ အမြင့်ဆုံးဈေးနှုန်းမှာ (၃၁၀၀)ကျပ် မှ (၂၅၀၀)ကျပ်ထိ ဈေးနှုန်းဖြစ်ခဲ့ပြီး အနိမ့်စအမြင့်ဆုံးဈေးနှုန်း မှာ (၂၅၀၀)ကျပ် မှ (၂၀၀၀)ကျပ်ထိ ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ သီးနှံအရည် အသွေးများ မတူညီခြင်းကြောင့် ဈေးနှုန်းများကွာခြားကြောင်း၊ ယခင်(၁)ပတ် ကြက်သွန်နီအမြင့်ဆုံး ဈေးနှုန်းမှာ (၂၅၀၀)ကျပ် ဈေးနှုန်းဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခု(၁)ပတ်အမြင့်ဆုံးဈေးမှာ (၃၁၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်၍ ယခင်(၁)ပတ်ထက် (၆၀၀)ကျပ်ခန့် ဈေးနှုန်းမြင့် သွားကြောင်း၊ အနိမ့်စ အမြင့်ဆုံးဈေးနှုန်းမှာ ယခင်(၁)ပတ်က(၁၇၀၀)ကျပ်၊ ယခု(၁)ပတ်(၂၅၀၀) ကျပ် ဈေးနှုန်းဖြစ်၍ ယခင်(၁)ပတ်ထက် (၈၀၀)ကျပ်ခန့် ဈေးနှုန်းမြင့်သွားကြောင်း၊ ယခု(၁)ပတ် အတွင်း ဈေးနှုန်းသိသိသာသာ မြင့်တက်သွားကြောင်း၊ ရန်ကုန်ဘုရင့်နောင်ပွဲရုံသို့ တင်ပို့မှုနည်းပြီး ပြည်ပဝယ်လက်မြဝတီမြို့သို့ ကုန်ချိန်အများဆုံးတင်ပို့လျက်ရှိကြောင်း သိရှိရသည်။ ဆိပ်ဖြူ ကြက်သွန်နီ ဈေးကွက်အတွင်း ဩဂုတ်လ(စတုတ္ထ)ပတ်တွင် ကြက်သွန်နီဈေးနှုန်းမြင့်တက်နေပြီး (၁)ပိဿာ ကျပ်(၃၁၀၀)အထိ မြင့်တက်လာကြောင်း ကုန်သည်များထံမှ သိရှိရသည်။ ကြက်သွန်နီ ဈေးကွက်အတွင်းတွင် ဩဂုတ်လ(ပထမ)ပတ်တွင် (၁)ပိဿာကျပ်(၁၇၅၀)၊ (ဒုတိယ)ပတ်တွင် (၁)ပိဿာကျပ်(၂၀၀၀)၊ (တတိယ)ပတ်တွင် (၁)ပိဿာကျပ်(၂၅၀၀)၊ (စတုတ္ထ)ပတ်တွင် (၁)ပိဿာ ကျပ်(၃၁၀၀) အမြင့်ဆုံးဈေးဖြင့် နေ့စဉ်ဈေးနှုန်းမြင့်တက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။

   ဆိပ်ဖြူမြို့တွင် ကြက်သွန်နီအသစ်(၁)ပိဿာလျှင် လက်လီဈေးနှုန်းအနေဖြင့် ထိပ်စ(ရှယ်) ကျပ်(၂၉၀၀/၂၈၀၀)၊ လတ်(ကြီး) ကျပ်(၂၃၀၀/၂၂၀၀)၊ လတ်(သေး) ကျပ်(၂၁၀၀/၂၀၀၀)၊ အသေးစ (၁၉၀၀)ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ကုန်စည်စီးဆင်းမှုအနေဖြင့် ဩဂုတ် လ(စတုတ္ထ)ပတ်အတွင်း ဆိပ်ဖြူမြို့မှရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ပွဲရုံ၊ ဧရာဝတီတိုင်းဒေသ ကြီး ပုသိမ်မြို့နှင့် မြဝတီ၊ မော်လမြိုင်မြို့များသို့ (၆/၁၂/၂၄)ဘီး မော်တော်ယာဉ်များဖြင့် ကြက်သွန် နီပျှမ်းမျှ(၆)သိန်း၊ တန်ချိန်(၃)သောင်းခွဲခန့်  ကုန်စည်စီးဆင်းခဲ့ကြောင်း သိရှိရပါသည်။ ဆိပ်ဖြူမြို့မှ ပြည်ပဝယ်လက် မြဝတီမြို့သို့ ကုန်ချိန်အများဆုံး တင်ပို့ဖြန့်ဖြူးလျက်ရှိကြောင်း ကုန်စည်ဒိုင်ဈေး ကွက်မှ သိရှိရပါသည်။

DOCA(မကွေး)