Main menu

ပြည်ဒေသထွက် ရွှေဖရုံသီးစျေးကွက်

Powered by Drupal

      ရွှေဖရုံသီးကို အညွှန့်နှင့် အသီးတို့ကို တို့စရာ၊ ဟင်းရည် သီးစုံအပြင် ပဲ၊ ငါးအသားမျိုးစုံ တို့နှင့် ရောနှောချက်စားကြသည်။ အစေ့ကို လှော်၍ ဖရုံစေ့လှော်အဖြစ် စားကြသည်။ ရွှေဖရုံသီးကို ပြည်မြို့နယ်အတွင်းရှိ မှော်ဇာကျေးရွာ၊ တောင်လုံးညိုကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြပြီး ထွက်ရှိလာသော ရွှေဖရုံသီးများကို ပြည်မြို့နယ်အတွင်း ဈေးများနှင့် ရန်ကုန်မြို့ရှိ သီရိမင်္ဂလာဈေး၊ ဒညင်းကုန်းဈေးများသို့ တင်ပို့ရောင်းချကြကြောင်း သိရှိရပါသည်။

          ယခုအခါ ပြည်မြို့နယ်အတွင်းရှိ ရွှေဖရုံသီးများ ရောင်းချလျှက်ရှိရာ ရွှေဖရုံသီး အကြီးတစ်လုံး လျှင် (၂၀၀၀-၂၅၀၀)ကျပ်၊ အသေးတစ်လုံးလျှင် (၇၀၀ - ၈၀၀)ကျပ်တို့ဖြင့်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)