Main menu

ပြည်ဒေသထွက် ကိုင်းခရမ်းချဉ်သီးစျေးကွက် 

Powered by Drupal

      ပြည်ခရိုင်အတွင်းရှိ မြို့နယ်များတွင် ဒေသထွက်ကိုင်းခရမ်းချဉ်သီးများ စတင်ထွက်ပေါ် လာပြီ ဖြစ်ပါသည်။ ပြည်မြို့နယ် တီတွဒ်ကျေးရွာ၊ ပေါင်းတည်မြို့၊ ခွေးရဲကျေးရွာ၊ ရွှေတောင်မြို့နယ် စစ်ကိုင်းကျွန်း၊ မင်းတဲကျွန်း၊ ကျီးသဲရွာနှင့် မြို့မရွာတို့မှလည်း ပြည်မြို့နယ်ရှိ ဈေးများနှင့် ရန်ကုန် မြို့ရှိ ကုန်စိမ်း ဈေးကွက်များသို့လည်း တင်ပို့ရောင်းချကြပါသည်။ ပေါ်ဦးပေါ်ဖျားဖြစ်သည့်အတွက် ခရမ်းချဉ်သီးဈေးမှာ တစ်ပိဿာလျှင် (၆၀၀၀) ကျပ်ဖြင့် ဈေးကောင်းရနေကြောင်း သိရပါသည်။

DOCA(ပဲခူး)