
မိတ္ထီလာ ဆန်ဈေးကွက်တွင် ဩဂုတ်လ ဒုတိယပတ်၌ ဖြစ်ပေါ်နေသော ဆန်ဈေးနှုန်းများမှာ (၂၄) ပြည် တစ်အိတ်လျှင် ရွှေဘိုပေါ်ဆန်း (အလတ်စ) မှာ (၁၃၀၀၀၀) ကျပ်၊ မြောင်းမြပေါ်ဆန်းမှာ (၁၃၀၀၀၀) ကျပ်၊ မြောင်းမြပဒေသာမှာ (၁၁၀၀၀၀) ကျပ်၊ ကျောက်ဆည်ပဒေသာမှာ (၁၂၀၀၀၀) ကျပ် ကုန်းစောင်းပဒေသာမှာ (၁၄၀၀၀၀) ကျပ်၊ ဖန်သီးသုခမှာ (၈၅၀၀၀) ကျပ်၊ အရပ်သုခမှာ (၈၅၀၀၀) ကျပ်၊ အောက်ပြည်သုခမှာ (၇၅၀၀၀) ကျပ်၊ ငစိမ်မှာ (၆၂၀၀၀) ကျပ်၊ ရက် (၉၀) အဟောင်းမှာ (၆၅၀၀၀) ကျပ်၊ ရက် (၉၀) အသစ်မှာ (၆၀၀၀၀) ကျပ်ဈေးရှိပြီး၊ ယခင်လနှင့် နှိုင်းယှည်ပါက ဈေးငြိမ် နေကြောင်း၊ ယခုရက်များတွင် ဈေးကွက်၌ ရက် (၉၀) ဆန်သစ်များ အရောင်းအဝယ်ဖြစ်လာကြောင်း သိရသည်။
မိတ္ထီလာမြို့ရှိ ဆန်ဆိုင်၊ ဆန်ပွဲရုံများအနေဖြင့် ဒေသထွက်ဆန် အနည်းငယ်နှင့် ကျောက်ဆည်၊ စစ်ကိုင်း၊ ပဲခူး၊ ဧရာဝတီတိုင်းတို့မှ မှာယူ၍ ပြန်လည်ရောင်းချကြောင်း ဈေးကွက်မှ သိရှိရသည်။
DOCA(မန္တလေး)