Main menu

ကျွန်းလှမြို့တွင် ရောင်းချနေသော ကန်ဇွန်းဥ ဈေးနှုန်း

Powered by Drupal

         ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အဓိကလုပ်ကိုင်ကြရာမှ စားဖို ဆောင်သီးနှံတစ်ခုဖြစ်သည့် ကန်ဇွန်းဥကို တစ်ပိုင်တစ်နိုင် နှင့် မိမိပိုင်ယာမြေများတွင် စီးပွားဖြစ် စိုက်ပျိုးရောင်းချလျက်ရှိပါသည်။

        ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ဒုတိယအပတ်တွင် ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်း ဖြစ်ပေါ်နေသော  ကန်ဇွန်းဥ ဈေးနှုန်းမှာ ကန်ဇွန်းဥ တစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ ကန်ဇွန်းဥ ၅၀ကျပ်သားလျှင်(၁၅၀၀) ကျပ် နှင့် ၂၅ကျပ်သားလျှင်(၈၀၀)ကျပ် ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိခဲ့ပြီး ဩဂုတ်လ တတိယ အပတ်တွင် ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်း ဖြစ်ပေါ်နေသော  ကန်ဇွန်းဥ ဈေးနှုန်းမှာ ကန်ဇွန်းဥ တစ်ပိဿာလျှင်(၃၂၀၀)ကျပ်၊ ၅၀ကျပ်သားလျှင်(၁၆၀၀)ကျပ် နှင့် ၂၅ကျပ်သားလျှင်(၈၀၀)ကျပ် ဈေးနှုန်း များဖြင့် ရောင်းချသောကြောင့် ယခင်အပတ်ထက် ကန်ဇွန်းဥ တစ်ပိဿာလျှင်(၂၀၀)ကျပ် မြင့်တက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  သိရပါသည်။

DOCA (စစ်ကိုင်း)