
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မကျည်းပင်ဈေးအတွင်းတွင် ကြက်မောက်သီးနှင့် နဂါးမောက်သီးများ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
ကြက်မောက်ပင်သည် အပူပိုင်းဒေသတွင် ကောင်းစွာဖြစ်ထွန်းပြီး စိုစွတ်သော ရာသီ ဥတုကို ကြိုက်နှစ်သက်သည်။ အပင်မြင့်အမျိုးအစားမဟုတ်သော်လည်း အကိုင်းအခက်များဖြင့် ဘေးသို့ ဖြာထွက်ကာ အသီးထွက်နှုန်းအားကောင်းပြီး အခိုင်လိုက်အသီးသီး လေ့ရှိသည်။ နဂါးမောက်သီးပင်များသည် အပူပိုင်းဒေသရာသီဥတုရှိရာ နေရာအနှံ့အပြားတွင် စိုက်ပျိုး ဖြစ်ထွန်းပြီး ရေငတ်ခံနိုင်သော ရှားစောင်းနွယ်ဝင်အပင်တစ်မျိုးဖြစ်သည်။ ယခုအခါတွင် မြန်မာ ပြည်အနှံ့ စိုက်ပျိုးလာကြောင်း တွေ့ရှိရသည်။ နဂါးမောက်သီးတွင် အဖြူ၊ အနီ၊ အဝါ သုံးမျိုးရှိရာ စားသုံးသူများမှာ အနီသီးကို ပိုမိုနှစ်သက်ကြသည်။
၂၀၂၅ခုနှစ်၊ ဩဂုတ်လတတိယအပတ်အတွင်း ဖြစ်ပေါ်နေသော ကြက်မောက်သီးဈေးနှုန်း မှာ တစ်လုံးလျှင် (၄၅၀) ကျပ်၊ နဂါးမောက်သီးဈေးနှုန်းမှာ အသေး (၁)လုံး လျှင် (၅၀၀) ကျပ်၊ အလတ်(၁)လုံးလျှင် (၇၀၀) ကျပ်နှင့် အကြီး (၁)လုံးလျှင် (၁၀၀၀) ကျပ် အထိ ရောင်းချလျက်ကြောင်း သီးနှံရောင်းချသူထံမှ သိရှိရပါသည်။
DOCA (စစ်ကိုင်း)