Main menu

“ကြက်ဥ၊ဘဲဥနှင့်ငုံးဥစျေးနှုန်းစျေးကွက်”

Powered by Drupal

           မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ရှိ အေးမြကြည်လင်စျေးနှင့် မြို့မစျေးတို့တွင် ရောင်းချလျက်ရှိသည့် ကြက်ဥ၊ ဘဲဥနှင့်ငုံးဥများကို ဒေသတွင်းရှိ ကြက်ခြံ၊ ဘဲခြံနှင့်ငုံးခြံများမှ ဝယ်ယူရောင်းချလျက်ရှိပြီး လိုအပ်ချက်အရ မန္တလေးမြို့နှင့်ပြင်ဦးလွင်မြို့များမှလည်း ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည် ။ ယခင်အပတ်တွင် ကြက်ဥ (၁)ပိဿာလျှင် လက်ကားစျေး (၁၀၅၀၀/-)ကျပ်၊ လက်လီစျေး(၁၀၈၀၀/-)ကျပ်ဖြစ်ပြီး ကြက်ဥတစ်လုံးလျှင် အကြီး(၄၅၀-၅၀၀) ကျပ်၊ အလတ်(၄၀၀/-)ကျပ်၊ အသေး(၃၅၀/-)ကျပ်၊ ဘဲဥတစ်လုံးလျှင် အကြီး(၅၅၀-၆၀၀)ကျပ်၊ ငုံဥ(၂၅)လုံးလျှင်(၂၃၀၀/-)ကျပ်၊ ငုံးဥအလုံး (၁၀၀) လျှင်(၈၇၀၀/-)ကျပ် စျေးနှုန်းများဖြင့် ရောင်းဝယ်ခဲ့ပြီး ယခုအပတ်တွင် ကြက်ဥ (၁)ပိဿာလျှင် လက်ကားစျေး (၁၀၈၀၀/-)ကျပ် ၊ လက်လီစျေး(၁၁၀၀၀/-)ကျပ်ဖြစ်ပြီး ကြက်ဥတစ်လုံးလျှင် အကြီး(၅၀၀-၅၅၀) ကျပ်၊ အလတ်(၄၅၀/-)ကျပ်၊ အသေး(၄၀၀/-)ကျပ်၊ ဘဲဥတစ်လုံးလျှင် အကြီး(၅၅၀-၆၀၀)ကျပ်၊ ငုံဥ(၂၅)လုံးလျှင်(၂၃၀၀/-)ကျပ်၊ ငုံးဥအလုံး (၁၀၀) လျှင်(၈၇၀၀/-) ကျပ် စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ကြက်ဦးစျေးနှုန်းမှာ အနည်းငယ်မြင့်တက်လာပြီး ဘဲဦးနှင့်ငုံးဦးစျေးနှုန်းများမှာ တည်ငြိမ်လျက်ရှိ‌ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)