Main menu

ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိသော ပဲငပိအစိုနှင့် ပဲငပိအခြောက်ဈေးနှုန်း

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးရှိ ကုန်စုံဆိုင်များတွင် လူသုံးကုန် ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် မီးဖိုချောင်သုံးပစ္စည်းဖြစ်သည့် ပဲငပိအစိုနှင့် ပဲငပိအခြောက် များကို ရွှေဘိုမြို့နှင့် ရေဦးမြို့မှ ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ၂၀၂ ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ်အတွင်း ကန့်ဘလူ“မြို့မဈေး”ရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျှက်ရှိသော ပဲငပိအစိုဈေးနှုန်း အနေဖြင့် ပဲငပိအစိုလက္ကား တစ်ပိဿာလျှင် (၇၅၀၀)ကျပ်၊  လက်လီတစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ ရေဦးပဲငပိခြောက် (အချို)တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ (အငံ)တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်နှင့် (၁၀) ကျပ်သားလျှင် (၁၆၀၀)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခုချိန်ခါသည် လုပ်ငန်းခွင်ရာသီဖြစ်သော ကြောင့် ပဲငပိများအရောင်းသွက်လျက်ရှိကြောင်း သိရှိရသည်။

DOCA(စစ်ကိုင်း)