Main menu

“ မြုပ်သခွားသီး စိုက်ပျိုးဝင်ငွေတိုး”

Powered by Drupal

          မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသော နိုင်ငံဖြစ်သည့်အတွက် တောင်သူများသည် မိသားစုအပိုဝင်ငွေရအောင် သီးထပ်သီးညှပ်များနှင့် အလွယ်တကူခူးဆွတ်၍ ဝင်ငွေရအောင် စားသုံးသီးနှံများကိုလည်း အလေးထားစိုက်ပျိုးလာကြသည်ကို တွေ့ရှိရပါသည်။ ၎င်းသီးနှံများအနက် မြုပ်သခွားသီးနှံကိုလည်းစိုက်ပျိုးလာကြပါသည်။ မြုပ်သခွားသီး(၁)ဧက စိုက်ပျိုးမှုအနေဖြင့်မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင်စုစုပေါင်း(၆၀၀၀၀၀)ကျပ်ခန့် ကုန်ကျကြောင်း၊ မြုပ်သခွားသီးနှံကို အရွယ်အစား(၃)မျိုးခွဲ၍ ဈေးထဲသို့ ဖောက်သည်ပေးရောင်းချရကြောင်း၊ မြုပ်သခွားသီးအကြီး တစ်လုံး လျှင်(၇၀၀)ကျပ်၊မြုပ်သခွားသီး အလတ်တစ်လုံး လျှင်(၅၀၀)ကျပ်၊ မြုပ်သခွားသီးအသေး တစ်လုံးလျှင်(၃၀၀)ကျပ်ဈေးနှုန်းများဖြင့်ရောင်းချကြောင်း၊ တစ်ရက်ခြားခူးဆွတ်ရကြောင်း၊ တစ်ရက်ခြားခူးဆွတ်ရသောအလုံးအရေအတွက်မှာ အကြီး၊ အလတ်၊ အသေး အလုံးပေါင်း(၅၀၀/၆၀၀)ထွက်ရှိကြောင်း၊ တစ်ဧကအကျိုးအမြတ်အနေဖြင့် (၃၀၀၀၀၀၀)ကျပ်ဝန်း ကျင်ခန့် ရရှိကြောင်း၊ တောင်သူများအနေဖြင့် စိုက်ပျိုးစရိတ်သက်သာပြီး မိသားစုအပိုဝင်ငွေကို အလွယ်တကူရရှိနိုင်သော မြုပ်သခွားသီး သီးနှံများကိုစိုက်ပျိုးသင့်ပါကြောင်း မြုပ်သခွားသီးစိုက် တောင်သူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(မန္တလေး)