
မိတ္ထီလာမြို့နယ်သည် စားဖိုဆောင်သီးနှံများအနက် အာလူးကို စိုက်ပျိုးမှုမရှိသော်လည်း စားသုံးမှုရှိသည့်အတွက် ဈေးကွက်တစ်ခုအနေနှင့် အရောင်းအဝယ်ရှိသည်ကို တွေ့ရပါသည်။ မိတ္ထီလာဈေးကွက်သို့ အာလူးကို ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီး၊ အောင်ပန်း၊ ဟဲဟိုးတို့မှ ဝင်ရောက်ကြောင်း သိရသည်။ အာလူးကို ဟင်းလျာအဖြစ်ချက်ပြုတ်၍လည်းကောင်း၊ ကြော်၍လည်းကောင်း စားသုံးသည့်အပြင် အကြော်စုံလုပ်ငန်းများလည်း အာလူးကြော်ပြုလုပ်ရန် အများအပြားဝယ်ယူမှုရှိပါသည်။ မိတ္ထီလာဈေးကွက်တွင် အာလူးဈေးမှာ ဈေးကွက်သို့ အဝင်ပုံမှန်ရှိသည့်အတွက် ဇူလိုင်လဆန်းရှိ အာလူးတစ်ပိဿာလက်လီဈေးမှာ (၄၀၀၀-၄၅၀၀) ရှိခဲ့ရာမှ ဇူလိုင်လလယ်မှစ၍ ဩဂုတ်လလယ်ထိ တစ်ပိဿာ (၂၅၀၀-၄၀၀၀) ကျပ်ဖြင့် ဈေးအေးလာကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)