
ကြက်များကို ပြင်ဦးလွင်ဒေသ၊ ကျောက်ဆည်၊ စဉ်ကိုင်တို့တွင် အများအပြားစီးပွားဖြစ် မွေးမြူကြသည်။ ယခင်ကတစ်နိုင်တစ်ပိုင်အဖြစ်မွေးမြူကြပါသည်။ ကြက်ဥများကို မန္တလေးနှင့် အနီးတစ်ဝိုက်ရှိ မြို့ကလေးများသို့ တင်ပို့ရောင်းချလျက်ရှိကြပါသည်။ ပြင်ဦးလွင်ထွက် ကြက်ဥများကို CANDAR ကားများဖြင့်နေ့စဉ်ဝင်ရောက်လျက်ရှိပြီး လက်ကားဆိုင်များမှတဆင့် လက်လီဈေးဆိုင်များ၊ ရပ်ကွက်ဆိုင်များ၊ မန္တလေးမြို့အနယ်နယ်အရပ်ရပ်ရှိ ဈေးများတွင် ရောင်းချကြပါသည်။ ယခင်နှစ်က ကြက်ဥတစ်ပိဿာလျှင် (၁၀၅၀၀)ကျပ်ရှိပြီး ကြက်ဥတစ်လုံးလျှင် (၃၈၀-၄၀၀-၅၀၀)ကျပ် တို့ဖြင့်ရောင်းချခဲ့ကြပါသည်။ ယခုနှစ်တွင်ကြက်ဥများ စတင်ဈေးတက် လာလျက်ရှိပါသည်။ ယခုလ ကြက်ဥတစ်ပိဿာလျှင်(၁၁၀၀၀)ကျပ်ရှိပြီး တစ်လုံးလျှင် (၄၈၀-၅၀၀-၅၅၀)ကျပ် ဈေးတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း တွေ့ရှိရပါသည်။ ကြက်ဥများကို ကြက်ဥပူတင်း၊ ဂျုံဖြင့်ပြုလုပ်သောမုန့်များနှင့် ဟင်းလျာများအဖြစ် အမျိုးမျိုးချက်ပြုတ်စားသုံးနိုင်သောကြောင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)