စက်တင်ဘာလ ပထမအပတ်တွင် မကွေးမြို့၊ မြို့မစျေး၌ စားဖိုဆောင်သီးနှံများဖြစ်သည့် ကြက်သွန်နီအမျိုးအစားနှင့် အရည်အသွေးပေါ်မူတည်ပြီး (၁)ပိဿာလျှင် (၃၅၀ဝိ/ - ၃၆၀ဝိ/ - ၃၈၀ဝိ/-)၊ ကြက်သွန်ဖြူ(ဗမာ) (၁) ပိဿာလျှင် (၅၅၀ဝိ/-)၊ ငရုပ်သီးအခြောက်အရှည်(၁)ပိဿာလျှင်(၁၈၀၀ဝိ/-)၊ နနွင်းတက် (၁)ပိဿာလျှင် (၆၀၀ဝိ/-)၊ ချင်းတက်(၁)ပိဿာလျှင် (၁၅၀ဝိ/-)ကျပ်၊ မကျီးသီးမှည့် (၁)ပိဿာလျှင် (၄၅၀ဝိ/-)၊ အာလူး(၁)ပိဿာလျှင် (၂၅၀ဝိ/-)ကျပ်၊ သကြား(၁)ပိဿာလျှင်(၂၈၀ဝိ/-)၊ မြေပဲဆံ(၁)ပြည်လျှင် (၇၅၀ဝိ/-)၊ ကုလားပဲခြမ်း(၁)ပြည် လျှင် (၅၃၀ဝိ/-)တို့ဖြင့် အရောင်းအဝယ်ဖြစ်လျှက် ရှိကြောင်း ဆိုင်ခန်းစျေးသည်များနှင့် ပျံကျစျေးသည်များ ထံမှသိရှိရသည်။
ထို့အပြင် စားသုံးဆီများအနေဖြင့်လည်း ပဲဆီ(၁)ပိဿာလျှင် (၁၃၀၀ဝိ/-)၊ နှမ်းဆီ(၁)ပိဿာလျှင် (၁၁၅၀ဝိ/-)၊ စားအုန်းဆီ (၁)ပိဿာလျှင် (၉၈၀ဝိ/-)တို့ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း စားသုံးဆီ လက်လီစျေးသည် တစ်ဦးထံမှ မေးမြန်းသိရှိရပါသည်။
DOCA( မကွေး)