
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်တွင် ဒေသထွက်ကုန်ဖြစ်သော ကွမ်းသီး၊ ရာဘာ ၊ သီဟိုဠ်များစိုက်ပျိုးလျက်ရှိပြီး ပြည်တွင်း၊ ပြည်ပ တင်ပို့ရောင်းချလျက်ရှိသည်။ ပို့ကုန်များထဲမှ ကွမ်းသီးသည် တင်ပို့အားကောင်းလျက်ရှိပြီး တောင်သူများအတွက် စျေးကောင်းရလျက်ရှိ သည်။ ၂၀၂၅ခုနှစ်၊ သြဂုတ်လ(၂၂)ရက်နေ့တွင်ကွမ်းသီးစျေးနှုန်းစုံစမ်းချက်အရ ကွမ်းသီးနုစျေး နှုန်းများကျဆင်းသွားကြောင်းသိရှိရပါသည်။ ယခင်အပတ်တွင် ကွမ်းသီးနုစျေးနှုန်း (၅၂၀၀) ကျပ်ရှိရာမှ ယနေ့ကွမ်းသီးစျေးနှုန်းမှာ (၄၂၀၀)ထိကျဆင်းသွားကြောင်းသိရှိရပါသည်။ ဝယ် ယူမှုလျော့နည်းခြင်းကြောင့် စျေးအနည်းငယ်ကျဆင်းခြင်းဖြစ်ကြောင်းသိရှိရပါသည်။ စျေး ကွက်တွင် ကွန်းသီးနုစျေးနှုန်းကျဆင်းနေသော်လည်း ကွန်းသီးခြောက်စျေးနှုန်းမှာ တည်ငြိမ် လျက်ရှိကြောင်းသိရှိရပါသည်။ ကွမ်းသီးခြောက်(အလုံး)စျေးနှုန်းမှာတစ်ပိဿာလျှင်(၂၄၀၀၀) ကျပ်နှင့် ခွဲခြမ်းစျေးနှုန်းမှာ (၁၈၀၀၀)ကျပ်ခန့်ရှိကြောင်းသိရှိရပါသည်။
DOCA(တနင်္သာရီ)