
တနင်္သာရီတိုင်းဒေသကြီးသည် ပင်လယ်ကမ်းရိုးတန်းများတည်ရှိပြီး ပင်လယ်လုပ်ငန်းများဖြင့် အများဆုံး သက်မွေးဝမ်းကျောင်းပြုလုပ်သည့် တိုင်းဒေသကြီးလည်းဖြစ်ပါသည်။ ပင်လယ်ပြင်သို့ ငါးဖမ်းလှေ အကြီး/အငယ်များဖြင့် ငါး/ပုစွန်များ ဖမ်းယူပြီး ဒေသတွင်း ရောင်းဝယ်၊ စားသုံးကြသလို ပြည်ပသို့လည်းတင်ပို့ရောင်းချလျက်ရှိပါသည်။ အဆိုပါငါးဖမ်းလှေများမှ ဖမ်းဆီးရရှိသော ငါး/ပုစွန် များအနက် ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်မှတစ်ဆင့် ထားဝယ်မြို့တွင် ရောင်းချလျက်ရှိ သော ငါးသလောက်စျေးနှုန်းများမှာ တစ်ပိဿာလျှင် ၄၀၀၀၀ ကျပ်ခန့်ရှိကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)