Main menu

ထားဝယ်မြို့ပေါ်ရှိ ဂဏာန်းစျေးနှုန်းအခြေအနေ

Powered by Drupal

        တနင်္သာရီတိုင်းဒေသကြီးသည် ပင်လယ်ကမ်းရိုးတန်းများတည်ရှိပြီး ပင်လယ်လုပ်ငန်းများဖြင့် အများဆုံး သက်မွေးဝမ်းကျောင်းပြုလုပ်သည့် တိုင်းဒေသကြီးလည်းဖြစ်ပါသည်။ ပင်လယ်ပြင်သို့ ငါးဖမ်းလှေ အကြီး/အငယ်များဖြင့် ငါး/ပုစွန်/ဂဏာန်းများ ဖမ်းယူပြီး ဒေသတွင်း ရောင်းဝယ်၊ စားသုံး ကြသလို ပြည်ပသို့လည်း  တင်ပို့ရောင်းချလျက်ရှိပါသည်။ အဆိုပါ ငါးဖမ်းလှေများနှင့် ဒေသတွင်း တစ်နိုင်တစ်ပိုင် ဂဏာန်းလှေများမှ ဖမ်းဆီးရရှိသော ဂဏာန်းများအနက် ဝလုံးဂဏာန်း၊ သဲဂဏာန်း (ခေါ်)ပန်းဂဏာန်း စျေးနှုန်းများမှာ တစ်ပိဿာလျှင် ၁၄၀၀၀/၁၅၀၀၀ ဖြင့် ရောင်းချလျက်ရှိကြောင်း ထားဝယ်မြို့၊ ကမ်းနားစျေးရှိ ငါး/ပုစွန် အရောင်းဆိုင်များမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)